DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီနှင့် ဖန်င တွင် တရားမဝင်မြန်မာ ၅၄ ဦး အဖမ်းခံရ 
DVB
·
March 26, 2024
ကန်ကျနပူရီနှင့် ဖန်င တွင် တရားမဝင်မြန်မာ ၅၄ ဦး အဖမ်းခံရ 
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်လို့ စီးပွားရေးကျပ်တည်းတဲ့အပြင် စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းမှုတွေကြောင့် အရွယ်ကောင်းလူငယ်တွေ ပြည်ပသို့ထွက်ပြေးနေရာမှာ ထိုင်းမှာလည်း တရားမဝင် ဝင်လာတဲ့ မြန်မာတွေ နေ့စဉ်လို အဖမ်းခံနေရပါတယ်။ 

မတ် ၂၅  ရက်မှာလည်း  ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီနဲ့ ထိုင်းတောင်ပိုင်း ဖန်ငခရိုင် ၂ ခုမှာ တရားမဝင်မြန်မာ ၅၄ ယောက် အဖမ်းခံခဲ့ရပါတယ်။ 

ကန်ကျနပူရီခရိုင်ဆန်ခလပူရီမြို့နယ် ဆန်ခလပူရီ- ထောင်းဖာဖူးသွား လမ်းမကြီးပေါ်မှာ  မတ် ၂၅ ရက် မနက် ၇ နာရီလောက် တာဝန်ရှိသူတွေက ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ်  နယ်စပ်ဘက်ကနေ ဘန့်ထိခလုန့် အုပ်စုထဲဝင်ရောက်လာတဲ့ ကားတစီးကို စစ်ဆေးပြီး ကားပေါ်ပါလာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၄၄ (ကျား ၂၉၊ မ ၁၅) ယောက်ကို ဖမ်းမိခဲ့တာလို့ ချနယ်လ် ၇ ထိုင်း တီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါကားမှာ ငွေရောင်အီဇူးစူး ဟိုင်းလပ်စ်ကားဖြစ်ပေမဲ့ နောက်ခန်းမှာ သံတိုင်တွေနဲ့ အခန်းထပ်ဖွဲ့ပြီး ခြံထွက်ပစ္စည်းတွေ တင်ဆောင်လာကြောင်း၊ တာဝန်ရှိသူတွေက အုပ်မိုးထားတဲ့ အနက်ရောင်မိုးကာကို ဖွင့်ကြည့်ရာ ခြံထွက်ပစ္စည်းတွေကြားမှာ လူတွေပြည့်သိပ်ပြီးတင် ဆောင်လာတယ်၊ ကားကို ၂ ထပ်ပြုပြင်ထားပြီး တထပ်ကို လူ  ၂၀ ကျော် လဲလျောင်းတဲ့ အနေ အထားနဲ့ လိုက်လာတာလို့ ဆိုပါတယ်။ 

သူတို့ဟာ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင် စတဲ့ဒေသကဖြစ်ပြီး ထိုင်းနိုင်ငံ ချချိန်းဆောင်း နဲ့ စမွတ်စခွန်းမှာ အလုပ်သွားလုပ်ဖို့ဖြစ်ကြောင်း၊ ခရီးအနီးအဝေးကိုလိုက်ပြီး ပွဲစားကို ဘတ် ၁၂,၀၀၀ မှ ၃၀,၀၀၀ ထိပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းလူမျိုး ကားမောင်းသမားကိုပါ ဖမ်းဆီးထားကြောင်း၊ အဆိုပါကားကို ဖမ်းဆီးစစ်ဆေးစဉ် နောက်ထပ်ကား ၁ စီးလည်း ဝင်ရောက်လာပြီး စစ်ဆေးရေးဂိတ်မှာ ရပ်မ ပေးဘဲ ထွက်ပြေးသွားကြောင်း၊ အဲဒီကားဟာလည်း တရားမဝင်မြန်မာတွေ တင်ဆောင်လာတာကြောင့် တာဝန်ရှိသူတွေက အနောက်က လိုက်လံဖမ်းဆီးပေမဲ့ မျက်ခြည်ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

မတ် ၂၅ ရက် တနေ့တည်းမှာပဲ ထိုင်းတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ်ထဲမှာ တရားမဝင် မြန်မာတွေ လိုက်ပါလာတဲ့ ကားနှစ်စီး အဖမ်းခံရပါတယ်။ နယ်မြေထဲမှာ တရားမဝင် အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရတဲ့အတွက် တာဝန်ရှိသူတွေက ဖန်င နဲ့ ခူရပူရီသွားကားလမ်းပေါ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးပြီး ဖမ်းဆီးခဲ့ တာပါ။ 

source/photo-mgronline.com

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013