DVB Logo
Home
မြန်မာသတင်း
မြန်မာ-တရုတ်နယ်စပ်ဖြတ်ခွင့် သက်တမ်းတိုးကြန့်ကြာနေသဖြင့် အလုပ်သမားများအခက်ကြုံ
DVB
·
March 26, 2024
မြန်မာ-တရုတ်နယ်စပ်ဖြတ်ခွင့် သက်တမ်းတိုးကြန့်ကြာနေသဖြင့် အလုပ်သမားများအခက်ကြုံ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မြန်မာ - တရုတ် နယ်စပ် ဖြတ်ကျော်ခွင့် Boarder Pass BP လို့ခေါ်တဲ့ စာအုပ်အနီ သက်တမ်းလာတိုးတဲ့ မြန်မာလုပ်သားတွေဟာ စာအုပ်သက်တမ်းတိုးဖို့ ရက်ပေါင်းများစွာ စောင့်ဆိုင်းရတာကြောင့် အခက်အခဲမျိုးစုံ ကြုံတွေ့နေရတယ်လို့ တရုတ်နိုင်ငံဘက် နယ်စပ်မှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေက ပြောပါတယ်။

တရုတ်ဘက်ခြမ်းကနေလာတဲ့ အလုပ်သမားတွေဟာ တုံကင်စောင့်ဆိုင်းရာမှာတင် တပတ်လောက် ကြာမြင့်နေပြီး သက်တမ်းတိုးမယ့် အလှည့်မှာလည်း နှောင့်နှေး ကြန့်ကြာနေတာလို့ ဆိုပါတယ်။

သက်တမ်းတိုးမယ့် အလှည့်နောက်ကျပြီး နှောင့်နှေးကြန့်ကြာတဲ့အတွက် တရုတ်ဘက်က လုပ်ငန်းရှင်တွေ ပေးလိုက်တဲ့ အလုပ်ခွင့်ရက် ၁၀ ရက်ထက် ကျော်နေတဲ့အတွက် အလုပ်ထုတ်ခံရတယ်လို့ စာအုပ်သက်တမ်း လာတိုးရင်း အလုပ်ထွက်လိုက်ရတဲ့ နမ့်ခမ်းက မြန်မာလုပ်သားတယောက်က ပြောပါတယ်။

စာအုပ်သက်တမ်းတိုးဖို့ စောင့်ဆိုင်းနေသူတယောက်က “ဒီဘက်ထွက်လာ၊ မြန်မာပြည် ထွက်လာတာကလည်း တလ နီးပါးပေါ့နော်။ ဒါပေမယ့် စာအုပ်က အခုက ဘယ်အချိန်မှ လုပ်ရမှန်းကို မသိဘူး အဲလို ဖြစ်နေတာ။ သူတို့ (လုပ်ငန်းရှင်တွေ) က ငါတို့ (အလုပ်သမားတွေ)ကို ပေးလိုက်တဲ့အချိန်ကျတော့ ၁၀ ရက်ထက် မကျော်ရဘူးပေါ့နော်။ အခု ငါတို့ ဒီဘက်မှာ စာအုပ်လာလုပ်တာက ၁၀ ရက် မကတော့ဘူးလေ။ အဲချိန်ကျ တချို့လောပန်းကျတော့ မကြိုက်ဘူး၊ အဲလိုမျိုး ရှိတယ်။ တချို့ကျတော့ နားလည်ပေးတဲ့သူ ရှိသလို နားမလည် ပေးတဲ့သူလည်း အဲလိုမျိုး ရှိတာပေါ့။ တကယ်လိုများ ငါတို့ ဒီစာအုပ်လုပ်ရပြီ ဆိုရင်တောင်မှာ ငါတို့ ပြန်ဝင်သွားတဲ့အခါ (အလုပ်) အသစ် ပြန်ရှာရတဲ့ သဘော အဲလိုမျိုး ရှိတာပေါ့" လို့ ပြောပါတယ်။

နှစ်နိုင်ငံသတ်မှတ်ချက် မူဝါဒအရ တရုတ်နဲ့မြန်မာ ထိစပ်နေတဲ့ မူဆယ်ခရိုင် အိမ်ထောင်စု ကိုင်ဆောင်ထားသူတွေကို နယ်စပ်ဖြတ်ကျော်ခွင့် ၁ နှစ်သက်တမ်းရှိတဲ့ စာအုပ် တရားဝင် ထုတ်ပေးနေပေမဲ့ ကြားခံပွဲစားတွေက ကြားဖြတ်ပြီး ဝင်လုပ်နေတာကြောင့် ပွဲစားနဲ့ မလုပ်တဲ့သူတွေက ပိုမိုကြန့်ကြာနေတာလို့ ဆိုပါတယ်။

အဲ့ဒီအပြင် သက်တမ်းတိုးပေးနေတဲ့ ခရိုင်လဝက ရုံးဟာ လူဦးရေ အကန့်အသက်နဲ့ပဲ သက်တမ်းတိုးပေးတာ၊ ပုံမှန်ရုံးချိန်အတိုင်းမဖွင့်ဘဲ ရုံး စောပိတ်တာနဲ့ တုံကင်ကို တလမှ တခါပေးတာတွေကြောင့် အခုလို ကြန့်ကြာနေရာတာလို့ လဝကနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စာအုပ်သက်တမ်းတိုးဖို့ စောင့်ဆိုင်းနေသူက "အခု စာအုပ်အနီ လုပ်တာ အရမ်းခက်တယ်ပေါ့နော်။ ဘာလဲ တုံကင်စောင့်တာတောင်မှ ၄,၅,၆ ရက်လောက်ကြာတယ်။ တခါတလေဆိုရင် ၁၀ ရက်လောက် အဲလိုမျိုးကြာတယ်။ ပွဲစားနဲ့ လုပ်တယ်ဆိုရင်တော့ ၁၀ သိန်းကျော် ၁၅ သိန်း၊ ၁၇ သိန်း အဲလောက် ကုန်တယ်။ ဟိုဘက်ရောက်သွားပြီ ဆိုရင် စာအုပ်အနီ ရှိရင်တော့ နေထိုင်ခွင့်တွေ ပြီးရင် အလုပ်လုပ်ခွင့်ကတ်၊ ကျန်းမာရေးကတ် မျိုးစုံ လုပ်ရမှာပေါ့နော်။ ပြီးရင် စာအုပ်အနီနဲ့ ဆိုရင်တော့ လုပ်လို့ရတယ်လေ။ နေထိုင်ခွင့်တွေ၊ ဘာတွေ ဆိုရင်တော့။ စာအုပ်အစိမ်းနဲ့ ဆိုရင်တော့ တချို့ပွဲစားတွေ ပြောတာတော့ လုပ်လို့ ရတယ်တဲ့။ တကယ်ဆိုရင် စာအုပ်အနီနဲ့ဆိုရင် မဟုတ်ရင် လုပ်လို့ မရဘူး။ သူတို့ (တရုတ်ရဲတွေ) ဖမ်းချင်တဲ့အချိန် ဖမ်းတာပေါ့" လို့ ပြောပါတယ်။

မူဆယ်ခရိုင်အတွင်းက ဒေသခံမ မဟုတ်တဲ့ တခြား ဒေသခံတွေအနေနဲ့ တရုတ်နယ်စပ်ဘက် ကို ဝင်မယ်ဆိုရင် ယာယီနယ်စပ်ဖြတ်ကျော်ခွင့် ၇ ရက်ခံ အစိမ်းကတ်သာ ပြုလုပ်လို့ရတယ်လို့ ဆိုပါတယ်။

အဲဒီ အစိမ်းကတ် ပြုလုပ်မယ့်သူတွေဟာလည်း တုံကင်ယူပြီး တရုတ်ဘက်ဝင်ရမယ့်အလှည့်ကို သုံး၊ လေး ပတ်လောက် ကြာအောင်စောင့်ဆိုင်းကြရကာ တရုတ်ဘက်ရောက်ရင်လည်း ၇ ရက်ထက်ကျော်ပြီး နေထိုင်လို့မရဘူးလို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013