DVB Logo
Home
မြန်မာသတင်း
ရေးပြောက်ကျားတပ်ဖွဲ့ YGF အပတ်စဉ် ၁ သင်တန်းဆင်းပွဲ ပြုလုပ် (ဓာတ်ပုံ)
DVB
·
March 26, 2024
ရေးပြောက်ကျားတပ်ဖွဲ့ YGF အပတ်စဉ် ၁ သင်တန်းဆင်းပွဲ ပြုလုပ် (ဓာတ်ပုံ)
1 / 6
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ဒေါနစစ်ကြောင်း တပ်ခွဲ ၃ က အ‌ခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲနဲ့ ‌ရဲဘော်တွေရဲ့ သစ္စာရေသောက် အဓိဋ္ဌာန်ပြုပွဲ အခမ်းအနားကို မတ် ၂၄ ရက်က ကျင်းပခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ထံကနေ သိရပါတယ်။

ရေပြောက်ကျားတပ်ဖွဲ့ (YGF) ဒေါနစစ်ကြောင်း တပ်ခွဲ ၃ က ဖွင့်လှစ်တဲ့ အပတ်စဉ် ၁ သင်တန်းသား အယောက် ၅၀ နဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ စတင်ဖွင့်လှစ်ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို မတ် ၂၄ ရက်မှာ အစီအစဉ် ၁၀ ရပ်နဲ့ ကျင်းပခဲ့ပါတယ်။

အခုအချိန်ဟာ တိုက်ပွဲအရှိန် မြှင့်တင်နေတဲ့ အချိန်ကာလ ဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်အားလုံး တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားဖို့၊ ဘုံရန်သူကို အမြစ်ပျက်တဲ့အထိ ဒူး‌ထောက်အရှုံးမပေးဘဲ တိုက်ပွဲဝင်သွားကြဖို့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျန်ရစ်နဲ့ ဒုတိယခေါင်းဆောင် ဗိုလ်ရန်ပိုင်တို့က ပြောကြးခဲ့ကြပြီး YGF အဖွဲ့သားတွေ ကတိသစ္စာရေ သောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရေးပြောက်ကျားတပ်ဖွဲ့ (YGF) အဖွဲ့ တာဝန်ရှိသူတဦးက “သင်တန်းက‌တော့ အခြေခံစစ်ပညာသင်တန်းပါပဲ။ သင်တန်းတက်တဲ့သူတွေက လူငယ်ပီပီ အရမ်းတက်ကြွတာ တွေ့ရတယ်။ မတရားတာကို တွန်းလှန်ရဲတဲ့စိတ်တွေ၊ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုကိုရဖို့ အဆုံးထိ တွန်းလှန်တတ်တဲ့စိတ်တွေ တွေ့ရတယ်။‌ သင်တန်းဆင်းပြီးတဲ့ ရဲဘော်အသစ်လေးတွေ အတွေ့အကြုံရအောင် စစ်ရေးဖော်ဆောင်သွားဖို့ ရှိပါတယ်။ နောက်ထပ် သင်တန်းတွေလည်း ထပ်ဖွင့်ဖို့ ရှိပါသေးတယ်” လို့ ပြောပါတယ်။

သင်တန်းသားအသစ်လေးတွေ တိုးလာတာနဲ့အမျှ လိုအပ်ချက်နဲ့ ဖြည့်တင်းရမယ့်အပိုင်းတွေ များလာတဲ့အတွက် ပြည်သူတွေ ပိုပြီးကူညီပေးကြဖို့ ဆိုပါတယ်။

ရေးပြောက်ကျားတပ် (YGF) ရဲ့ ဖွဲ့စည်းပုံနဲ့ ရာထူးတာဝန်ပေးအပ်တာတွေ ပြုလုပ်ခဲ့ပြီး ပြည်သူလူထုတရပ်လုံး စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ကျရာတာဝန်ကနေ အစွမ်းကုန် ကြိုးစားပြီး အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

photo-YGF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013