
SOUTHERN YSO PDF ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ အထူးလှုပ်ရှားမှုတိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတခုမှာ ဇန်နဝါရီ ၂၇ရက် က ပြုလုပ်ခဲ့တယ်လို့ YSO တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အခြေခံစစ်ပညာ မွန်းမံသင်တန်းကို သင်တန်းသား ၄၈ ယောက်နဲ့ အထူးလှုပ်ရှားမှု တိုက်ခိုက်ရေး သင်တန်းကို အယောက် ၃၀ ဖြင့် သင်တန်းဆင်းပွဲပြုလုပ်ခဲ့တာပါ။
YSO တပ်ဖွဲ့အနေနဲ့ ပြည်သူ့လွတ်မြောက်ရေးတော်လှန်ရေးကြီးရဲ့ အဓိကရည်မှန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့၊ တပ်ဖွဲ့ဝင်တွေ စစ်ရေးစွမ်းရည် စည်းကမ်းလိုက်နာမှု နိုင်ငံရေးခံယူချက်တွေကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်ပြီး အပတ်စဥ် ၉/ ၂၀၂၆ ကို စနစ်တကျလေ့ကျင့်ပေးခဲ့တာလို့ SOUTHERN YSO တော်လှန်ရေးတပ်ဖွဲ့တာဝန်ခံ ရဲဘော်ကိုအောင်မောင်းက ပြောပါတယ်။
ပြည်သူတွေနဲ့အတူ တော်လှန်ရေးအဆုံးထိ၊ အာဏာရှင်စနစ် အမြစ်ပြတ်အောင်ကျရှုံးသည်အထိ တော်လှန်သွားမှာဖြစ်ပြီး သင်တန်းကိုတော့ လွတ်မြောက်ဒေသနယ်မြေတခုမှာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အခြေခံစစ်ပညာသင်တန်းနဲ့ အထူးလှုပ်ရှားမှုတိုက်ခိုက်ရေးသင်တန်းမှာ လက်နက်ကိုင်စစ်ရေး နည်းပညာတခုတည်းမဟုတ်ဘဲ တော်လှန်ရေးရဲ့ အခြေခံအားဖြစ်တဲ့ နိုင်ငံရေးသဘောတရား၊ ပြည်သူအပေါ် တာဝန်ယူမှုစည်းကမ်းနဲ့ ကိုယ်ကျင့်တရားတွေကိုပါ အခြေခံအုတ်မြစ်သဘောထားကာ သင်ကြားပို့ချပေးခဲ့တာလို့ သင်တန်းဆင်းရဲဘော်တွေဆီက သိရပါတယ်။










