Home
မြန်မာသတင်း
ဒရုန်းတပ်ပေါင်းစုက အပတ်စဥ် ၁ သင်တန်းဆင်းပွဲ ပြုလုပ်
DVB
·
July 5, 2023

ကရင်နီ(ကယား)ပြည်နယ် အခြေစိုက်၊ ရှမ်း​တောင် ဒရုန်းတပ်ပေါင်းစုက အပတ်စဥ် ၁ သင်တန်းဆင်းပွဲကို ကရင်နီပြည်ရဲ့တောတွင်းတနေရာမှာ ဇူလိုင် ၅ ရက်နေ့ မနက်က ပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့မှာ သင်ကြားပေးနေတဲ့ ကိုဝီလျံက ပြောပါတယ်။

"အခုသင်တန်းဆင်းပွဲက အခြေခံသင်တန်းဆင်းပွဲပေါ့။ နောက်ထပ် ဒရုန်းဗုံးသီးကြဲနိုင်တဲ့ ဒရုန်းအကြီးတွေကို အပတ်စဥ် ၂ အနေနဲ့ပေးမှာပါ၊ ပြီးရင် ဂျက်ဖိုက်တာဆန်ဆန်သွားလို့ရတဲ့ Air craft ပုံစံမျိုးကို အပတ်စဥ် ၃ အနေနဲ့သွားမှာပါ။ ဒီ ၃ မျိုးစုံသွားရင်လည်း ဆင့်ပွားတိုးတက်နေတဲ့ နည်းပညာနောက်ကို လိုက်မှာဖြစ်သလို မစ်ရှင်တွေကိုလည်း ဖော်ဆောင်သွားမှာပါ။" 

ဒရုန်းတပ်ပေါင်းစုမှာ Shan Yoma UG PDF,Urban Aung Ban Task Force,Joe Phyu Revolution Force,Red Ants,13/ရိုးမမာန်စွယ်အဖွဲ့တွေပါဝင်တယ်လို့ သိရပြီး နေရာမရွေး တော်လှန်ရေးအရွေ့ရောက်အောင် ဖော်ဆောင်သွားမယ်လို့ ရဲဘော်တွေက ပြောပါတယ်။

ဒရုန်းသင်တန်းဆင်းပွဲမှာ သက်ဆိုင်ရာအကြီးအကဲတွေရဲ့ မိန့်ခွန့်ပြောကြားတာတွေ၊ ကဗျာရွတ်ဖတ်တာတွေ၊ ဂိမ်းကစားတဲ့အစီအစဥ်တွေ၊ ဆုပေးပွဲတွေ၊ ဧည့်ခံကျွေးမွေးတာတွေ ပါဝင်တယ်လို့သိရပါတယ်။

ဒရုန်းသင်တန်းမှာ သင်ထောက်ကူ လိုအပ်မှုတွေ၊ ငွေကြေးအခက်အခဲတွေရှိနေပြီး ဒရုန်းကလည်း တိုက်ခိုက်ရေးမှာ ၅၀ ရာခိုင်နှုန်းလောက် အရေးပါတဲ့အတွက် ပြည်သူတွေအနေနဲ့ ကူညီပေးကြဖို့ကို တောင်းဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024