DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံသားများ၏အလုပ် ဝင်လုပ်သည့် မြန်မာအပါအဝင် နိုင်ငံခြားသား ၇၂၁ ဦး အရေးယူခံရ
DVB
·
March 26, 2024
ထိုင်းနိုင်ငံသားများ၏အလုပ် ဝင်လုပ်သည့် မြန်မာအပါအဝင် နိုင်ငံခြားသား ၇၂၁ ဦး အရေးယူခံရ
Donate to DVB

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ လုပ်ပိုင်ခွင့်မရှိတဲ့အလုပ်၊ ရွှေ့ပြောင်းအလုပ်သမားတွေကို ခွင့်မပြုတဲ့အလုပ်တွေ သတ်မှတ်ထားပေမယ့်  အဲဒီအလုပ်မှာ ဝင်လုပ်နေသူတွေ အမြောက်အမြား ရှိနေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ သံသယရှိလုပ်ငန်းခွင်တွေကို ဝင်ရောက် စစ်ဆေးခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ မတ် ၁၈ ရက်အထိ ဘန်ကောက်နဲ့ အနီးတဝိုက် ဧရိယာ၊ ဖူးကက်၊ ကော်စမွီ၊ ပတ္တယား၊ ချင်းမိုင် အစရှိတဲ့ ခရိုင်တွေက နိုင်ငံခြားသားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ လူစည်ကားရာ နေရာပေါင်း ၂၅,၆၂၈ နေရာနဲ့ နိုင်ငံခြားသားပေါင်း ၃၀၆,၅၇၇ ဦးကို ကြိုတင်အကြောင်းမကြားဘဲ  ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်းခါးလူမ်း ဖွန်းဖောင်း ကလန် က ပြောကြောင်း  မတ် ၂၁ ရက်ထုတ် မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဲဒီထဲမှာ ဥပဒေနဲ့ မညီညွတ်သူ မြန်မာ ၂၃၂,၁၀၆ ဦး၊ ကမ္ဘောဒီးယား ၄၂,၆၉၈ ဦး၊ လာအို ၁၈,၀၀၁ ဦး၊ ဗီယက်နမ် ၂၃၆ ဦးနဲ့ အခြားနိုင်ငံခြားသား ၁၃,၅၃၆ ဦးရှိပြီးပါဝင်တယ်။ ပြစ်ဒဏ်စီရင်ပြီးသူ မြန်မာ ၈၇၅ ဦး၊ ကမ္ဘောဒီးယား ၃၁၈ ဦး၊ လာအို ၂၃၁ ဦး၊ ဗီယက်နမ် ၈၇ ဦးနဲ့ အခြားနိုင်ငံသား ၁၇၈ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံသားတွေအတွက်သာခွင့်ပြုထားတဲ့ အလုပ်အကိုင်တွေမှာ ဝင်ရောက်လုပ်ကိုင်သူ နိုင်ငံခြားသားပေါင်း ၇၂၁ ဦးရှိပြီး မြန်မာ ၃၁၆ ဦး၊ ကမ္ဘောဒီးယား ၁၇၅ ဦး ၊ လာအို ၁၀၆ ဦး၊ အိန္ဒိယ ၆၅ ဦး၊ ဗီယက်နမ် ၄၂ ဦး၊ တရုတ် ၅ ဦး နဲ့ အခြားနိုင်ငံသား ၁၂ ဦး ပါရှိပြီး အလုပ်အကိုင်တွေမှာ ဈေးလည်ရောင်းတာ၊ ဆံပင်ညှပ်တာ၊ အငှားကားမောင်းတာ၊ တိုင်းရင်းအနှိပ်သည်နဲ့ ဈေးရောင်းတာတွေက အများဆုံးလို့ ဆိုပါတယ်။ 

ဒါ့အပြင် နိုင်ငံခြားသားတွေဟာ လက်သည်းအလှပြင်၊ ကားဝပ်ရှော့၊ တွန်းလှည်းဈေး၊ ဘား(အရက်)ဆိုင် စတဲ့အလုပ်တွေလည်း ဝင်လုပ်တာရှိတယ်၊ နိုင်ငံခြားသားတွေက ခွင့်ပြု ချက်မရှိတဲ့အလုပ်မှာ ဝင်လုပ်ခြင်းအားဖြင့် ဌာနေဒေသခံ (ထိုင်းနိုင်ငံသား) တွေအတွက် အလုပ် အကိုင်အခက်အခဲဖြစ်စေတယ်၊ ဒါကြောင့် နိုင်ငံခြားသားတွေအနေနဲ့ ဥပဒေနဲ့အညီ နေထိုင်ကြဖို့ စစ်ဆေးရေးတွေလည်း ပိုမိုတင်းကျပ်ရမယ်လို့ ဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါ တယ်။ 

ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေပုဒ်မ ၈ အရ နိုင်ငံခြားသားတွေဟာ ခွင့်ပြုချက်မရတဲ့ အလုပ်မှာ ဝင်ရောက်လုပ်ကိုင်ရင် ဒဏ်ငွေ အနည်းဆုံး ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိကျခံရမှာဖြစ်သလို ပြည်နှင်ဒဏ်ပါ အပေးခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်သမားကတ်လျှောက်ထားခွင့် ၂ နှစ်ထိ ဆိုင်းငံ့ခံထားရမှာ ဖြစ်ပါတယ်။ 

Source: MGR Online

Photo: Asia News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013