DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားတွင် ဆေးဘက်ဆိုင်ရာပါမောက္ခများ အစုအပြုံလိုက် နုတ်ထွက်
DVB
·
March 25, 2024
တောင်ကိုရီးယားတွင် ဆေးဘက်ဆိုင်ရာပါမောက္ခများ အစုအပြုံလိုက် နုတ်ထွက်
Donate to DVB

တောင်ကိုရီးယားမှာ ဆေးတက္ကသိုလ်ဝင်ခွင့် အရေအတွက် တိုးမြှင့်ပေးမယ့် အစိုးရအစီအစဉ်နဲ့ ပတ်သက်ပြီး အလုပ်သင်ဆရာဝန်တွေရဲ့ ဆန္ဒပြသပိတ်ကို ထောက်ခံဖို့ ဆေးဘက်ဆိုင်ရာ ပါမောက္ခတွေဟာ မတ် ၂၅ ရက်ကစပြီး အစုလိုက်အပြုံလိုက် နုတ်ထွက်စာ တင်ခဲ့ကြပါတယ်။

ကိုရီးယားဆေးဘက်ဆိုင်ရာ ပါမောက္ခများအသင်း ဥက္ကဋ္ဌ ကင်မ်ချန်းဆူက “ဆေးကျောင်းဝင်ခွင့် အရေအတွက် တိုးပေးရင် ဆေးကျောင်းပညာရေးကို ပျက်စီးစေရုံသာမက နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြိုပျက်စေတယ်ဆိုတာ ရှင်းပါတယ်”လို့ မီဒီယာတွေကို ပြောပါတယ်။

တချို့ပါမောက္ခတွေက အရေးပေါ်နဲ့ ပြင်းထန်ဖျားနာ လူနာတွေကို အာရုံစိုက်ဖို့ ပြင်ပလူနာ ကုသမှုကို ပြန်တိုးချဲ့သွားမယ်လို့လည်း ကင်မ်က ထပ်ပြောပါတယ်။

ဆေးဘက်ဆိုင်ရာပါမောက္ခ ဘယ်နှစ်ယောက် နုတ်ထွက်စာတင်ပြီးပြီ ဆိုတာကိုတော့ ကင်မ်က မပြောခဲ့ပါဘူး။

အလုပ်သင်ဆရာဝန်တွေဟာ ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး သပိတ်မှောက်ခဲ့ကြတာပါ။ ၂၀၂၅ ခုနှစ်မှာ ဆေးကျောင်းတက်တဲ့ ကျောင်းသားဦးရေ တိုးလာမယ့် အစီအစဉ်ကြောင့် ဆေးရုံအများအပြားမှာ လူနာတွေ နောက်ကြောင်းပြန်လှည့်ခဲ့ရပြီး လုပ်ထုံးလုပ်နည်းတွေလည်း ကြန့်ကြာခဲ့ပါတယ်။

ကမ္ဘာ့အမြန်ဆုံး သက်ကြီးလူဦးရေ တိုးလာနေတဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ ဆရာဝန်တွေ ရှားပါးလာတာကို ကုစားဖို့ အစီအစဉ်က အရေးကြီးတယ်လို့ အစိုးရက ပြောပါတယ်။ဩ

ဒါပေမဲ့ အာဏာပိုင်တွေဟာ အလုပ်သင်ဆရာဝန်တွေရဲ့ လုပ်ငန်းခွင်အခြေအနေတွေကို အရင်မြှင့်တင်ဖို့ အာရုံစိုက်သင့်တယ်လို့ ဝေဖန်သူတွေက ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013