DVB Logo
Home
မြန်မာသတင်း
မင်းကင်းတွင် ရွှေမျှောလုပ်ကွက် ဗုံးကြဲခံရပြီး လူငယ် ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ
DVB
·
March 19, 2026
ကျွန်းလှ၊ သဖန်းဆိပ်က ရွှေမျှောဖောင်များကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်နေစဉ်။ (Photo: ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ / Infinity Group)
ကျွန်းလှ၊ သဖန်းဆိပ်က ရွှေမျှောဖောင်များကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်နေစဉ်။ (Photo: ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ / Infinity Group)
Donate to DVB

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ မြောက်ချွန်းရွာအနီးမှာရှိတဲ့ အလယ်ကျွန်းရွှေမျှောလုပ်ကွက်ကို စစ်ကောင်စီတပ်က မတ် ၁၈ ရက် နေ့လယ် ၂ နာရီကျော်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့ ရွှေမျှောလုပ်သား အရပ်သားတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်လေယာဉ်နဲ့ ရွှေမျှောလုပ်ကွက်ကို ဗုံး ၂ လုံး ကြဲချတာဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် လူငယ် တယောက် သေဆုံးသွားပါတယ်။

ဒေသခံတယောက်က “မြောက်ချွန်း မျှောမောင်းနေတဲ့ အလယ်ကျွန်းကို ချတာ။ ရွှေမျှောလုပ်ကွက် ထဲကိုတော့ မကျဘူး။ ဈေးတန်းနဲ့ မျှောလုပ်ကွက်ကြားကို ချတာ။ မုံရွာဘက်က လာနေတဲ့ ကောင်လေး တယောက် ဆုံးတယ်။ အရိုးကြေသွားသူတွေ၊ ဒဏ်ရာ ရသူတွေတော့ ၃ ယောက် လောက် ရှိတယ်။ သေဆုံးသူက မျှောသားပါ” လို့ DVB ကို ပြောပါတယ်။

မြောက်ချွန်းရွာ ရွှေမျှောဟာ ၂၀၂၄ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ရွှေမျှောဖောင် ၂၀၀ နီးပါးရှိသလို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း အဲဒီရွှေမျောကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ရှိခဲ့ပါတယ်။

ရွှေမျှောဖောင်တွေဟာ မြစ်ကြမ်းပြင်က သဲ၊ ကျောက်တွေကို စက်နဲ့စုပ်ယူပြီးတော့ ရွှေကို ရွေးယူတဲ့ လုပ်ငန်းဖြစ်ပြီး စစ်ကောင်စီလော်ဘီတွေကတော့ ချင်းတွင်းမြစ်တကြော ဟုမ္မလင်း၊ ရွှေပြည်အေး၊ မင်းကင်းနဲ့ ကျွန်းလှမြို့နယ်တွေက ရွှေမျှောတွေကို လေကြောင်းတိုက်ခိုက်ဖို့ လှုံ့ဆော်တာတွေ ရှိပါတယ်။

မတ် ၁၅ ရက်ကလည်း ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်က ရွှေမျှောဖောင်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အရပ်သား ၇ ယောက် သေဆုံးသလို ၁၈ ယောက် ဒဏ်ရာ ရပြီး ၂ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013