DVB Logo
Home
မြန်မာသတင်း
ပင်လောင်းရှိ ဌာနဆိုင်ရာရုံးများအားလုံး တောင်ကြီးသို့ ရွှေ့ပြောင်းထား
DVB
·
March 25, 2024
ပင်လောင်းရှိ ဌာနဆိုင်ရာရုံးများအားလုံး တောင်ကြီးသို့ ရွှေ့ပြောင်းထား
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်ဘက်မှာ တိုက်ပွဲဖြစ်နေတဲ့အတွက် စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေ အကုန် တောင်ကြီးမြို့ကို ရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။

မတ် ၁၈ ရက်ကနေ ၂၂ ရက်အထိ ပင်လောင်းကနေတဆင့် အောင်ပန်း၊ ကလောမြို့နယ်တွေဆီကို ယာယီရွှေ့ထားပေမဲ့ တိုက်ပွဲအခြေအနေတွေကြောင့် တောင်ကြီးမြို့ပေါ်ကို အပြီးသတ် ရွှေ့ထားတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးပိုင်းမှ အမျိုးသားတဦးက “ဆီဆိုင်တုန်းက တိုက်ပွဲက ရုတ်ချည်း ထဖြစ်တာဆိုတော့ အခုက ကြိုတင်ပြင်ဆင်လို့ရအောင် အကုန်ရွှေ့ထားလိုက်တာ။ ထွေအုပ်က အများကြီး၊ သူကအရင်ရွှေ့တယ်။ ကျန်းမာရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ပညာရေး အကုန်ရွှေ့ထားတယ်။ အခုကတော့ တောင်ကြီးမှာ လိုအပ်တာတွေ လာလုပ်လို့ရတယ်၊ အစီအစဉ် ကျသွားရင်ပေါ့။ မြန်မာ့စီးပွားရေးဘဏ်ခွဲကလည်း ဒီဘက်ရွှေ့ထားပါတယ်။ အောင်ပန်းကနေ ထပ်ရွှေ့လာတာဆိုတော့ ဒီမှာပဲ ရုံးဖွင့်မယ်ထင်ရတာပဲ” လို့ ပြောပါတယ်။

ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) နဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲအခြေအနေက ပင်လောင်းမြိုပေါ်နဲ့ အရမ်းနီးကပ်လာတဲ့အတွက် စာရွက်စာတမ်းတွေ မပျက်စီးအောင် အကုန်သယ်ယူပြီး မြေပြင်အခြေအနေ တည်ငြိမ်တဲ့ တောင်ကြီးမြို့က သက်ဆိုင်ရာရုံးတွေနဲ့ ပူးပေါင်းရတာလို့ ဆိုပါတယ်။

မူလတန်းပြဆရာမတဦးက “တချို့ရုံးလည်း ပေါင်းတယ်၊ တချို့လည်း သပ်သပ်ထားတယ်။ ပညာရေးကျတော့ အခု အ.ထ.ကကျောင်းတခုမှာ နေရာချထားတယ်” လို့ ပြောပါတယ်။

လက်ရှိ တောင်ကြီးမြို့နဲ့ ဟိုပုံးမြို့မှာ ဇန်နဝါရီလကတည်းက ဆီဆိုင်မြို့နယ်က ဌာနဆိုင်ရာရုံးတချို့နဲ့ သက်ဆိုင်ရာ တောင်ကြီးက ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းထားရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကရင်နီ(ကယား)ပြည်နယ်က ပြည်သူတွေလည်း တောင်ကြီးမြို့မှာ မှတ်ပုံတင်အသစ်လုပ်တာ၊ ပျောက်ဆုံး ပျက်စီးတာတွေနဲ့ ရုံးလုပ်ငန်းဆိုင်ရာတွေကို လာရောက်လုပ်ကိုင်နေရတယ်လို့ ပြောဆိုထားပေမဲ့ လက်တွေ့မှာ ရုံးမဖွင့်နိုင်တာကို အကြောင်းပြုပြီး လုပ်ငန်းလုပ်ကိုင်ရ ခက်ခဲတာတွေ ရှိတယ်လို့ သိရပါတယ်။

ပင်လောင်းမြို့နယ် တောင်ဘက်က တိုက်ပွဲတွေကြောင့် ကျေးရွာနေ ပြည်သူအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013