DVB Logo
Home
မြန်မာသတင်း

တိုက်ပွဲ အကြိမ် ၃၀ ခန့်ဖြစ်ပြီး စစ်တပ်ဘက်က ၄၀ ကျော်သေဟု အထူးတိုင်းစစ်ဌာနထုတ်ပြန်

DVB
·
November 29, 2026
Photo : အထူးတိုင်းစစ်ဌာန
Photo : အထူးတိုင်းစစ်ဌာန
Donate to DVB

 

စစ်အာဏာရှင်တပ်နဲ့ တိုက်ပွဲပေါင်း အကြိမ် ၃၀ လောက်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က အယောက် ၄၀ ကျော်သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရတယ်လို့ NUG ရဲ့ အထူးတိုင်းစစ်ဌာနက နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

စိတ်မနှံ့သူ အမျိုးသမီး ၁ ယောက်ကို ဖမ်းဆီးအဓမ္မကျင့်သတ်ဖြတ်ခဲ့သလို ဒေသခံအမျိုးသား ၅ ယောက်ကိုလည်း  ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၁ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီး သွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ပြည်သူ့စစ်အင်အားတွေအပါအဝင် ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်သုံးပြီး အထူးတိုင်းစစ်ဌာနရဲ့ စစ်ရေးလှုပ်ရှားနယ်မြေဖြစ်တဲ့ KNU တပ်မဟာ ၁ နယ်မြေ၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ KNU တပ်မဟာ ၃ နယ်မြေ၊ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ထဲကို အင်အား ၁,၆၀၀ နဲ့ စက်တင်ဘာ ၃ ရက်ကစလို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုထိုးစစ်ဆင်တာကြောင့် အထူးတိုင်းစစ်ဌာနရဲ့ ရှေ့တန်းကာကင်းစခန်း ၄ ခု စွန့်လွှတ်ခဲ့ရပြီး စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက လက်နက် အပျက်အစီးတချို့လည်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးတဲ့ရက်ကစလို့ စက်တင်ဘာ ၂၁ ရက်အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ဒေသအခြေပြု တော်လှန်ရေးတပ်ဖွဲ့ (LDFs) တွေပူးပေါင်းတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပေါင်း ၂၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ ၂ ပတ်ကျော်ကြာ ပိတ်မိနေခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာထက် အပါအဝင် ၁၂ ယောက် သေဆုံး၊ ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ပြန်သယ်ယူသွားတဲ့ အလောင်းတွေအပါအဝင် စစ်တပ်ဘက်က စုစုပေါင်း သေဆုံးသူ ၄၂ ယောက်၊ အရှင်ဖမ်းမိ ၂ ယောက်နဲ့ ဒဏ်ရာရသူ ၁၀၈ ယောက် ရှိတယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးကာလအတွင်း စစ်တပ်ဆီက Double Cup ကား ၁ စီး၊ MA5 ၁ လက်၊ MA4 ၁ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ MA1 ၂ လက် သိမ်းဆည်းရမိခဲ့သလို အထူးတိုင်းစစ်ဌာနရဲ့ စစ်သုံ့ပန်း ထိမ်းသိမ်းရေးစခန်းကနေ ရရှိသွားတဲ့ လက်နက်မျိုးစုံ ၁၁ လက်ကိုလည်း ပြန်သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကိုလည်း လေကြောင်းကနေ ၁၀ ကြိမ်၊ လက်နက်ကြီးနဲ့ ၃၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက် အပါအဝင် အမျိုးသမီး ၂ ယောက်နဲ့ ကလေးငယ် ၁ ယောက် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စိတ်မနှံ့သူ အမျိုးသမီး ၁ ယောက်ကို ဖမ်းဆီးအဓမ္မကျင့်သတ်ဖြတ်ခဲ့ပြီး ချောင်းစောက်နဲ့ နတ်စင်ရွာက အသက် ၆၀ အရွယ် အမျိုးသားတယောက် အပါအဝင် ဒေသခံအမျိုးသား ၅ ယောက်ကိုလည်း  ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ဒေသခံအမျိုးသမီး ၁ ယောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းပြန်ဆုတ်ခွာတုန်းမှာလည်း လမ်းတလျှောက်က ကော်ကပ်ခီး၊ ထီးကလာခီး၊ ကော်ကပ်ရွာ၊ ရွာသစ်ရွာ၊ ခမောက်ခွေရွာ၊ နတ်စင်ရွာ၊ ကျောက်ဖျာရွာ၊ မိုးဘောရွာ၊ ကျောက်ပုံတောင်၊ ချောင်းစောက် စတဲ့ ရွာတွေက လူနေအိမ် ၁၉၁ လုံး၊ စာသင်ကျောင်း ၃ ခု၊ ဒေသဆေးခန်း ၂ ခု၊ အရပ်သားကား ၆ စီး၊ ဆိုင်ကယ် ၁၄ စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကား ဆိုင်ကယ်တွေနဲ့ ပြည်သူပိုင်ပစ္စည်း အမြောက်အများကိုလည်း ကုန်ကားတွေနဲ့ ခိုးယူသယ်ဆောင်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013