DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် မှုခင်းသတင်းထောက် ဦးစောမန်း အပါအဝင် ၄ ဦး ဓားခုတ်ခံရ
DVB
·
March 25, 2024
မန္တလေးတွင် မှုခင်းသတင်းထောက် ဦးစောမန်း အပါအဝင် ၄ ဦး ဓားခုတ်ခံရ
Donate to DVB

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ မတ် ၂၄ ရက် ညဉ့်နက်ပိုင်းက နေပြည်တော် မှုခင်းသတင်းထောက်အဖွဲ့ တိုင်းတာဝန်ခံ ဦးစောမန်း အပါအဝင် လေးဦး ဓားခုတ်ခံရမှုကြောင့် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်ရှိ နေပြည်တော် မှုခင်းသတင်းထောက်အဖွဲ့ရုံးကို မနေ့ည ၁၂ နာရီခွဲက လူမိုက်အဖွဲ့တဖွဲ့က ဝင်ရောက်ပြီး တိုင်းတာဝန်ခံ ဦးစောမန်း အပါအဝင် လေးဦးကို ဓားနဲ့ ဝင်ခုတ်သွားတယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“လူမိုက်ခေါင်းဆောင် နှုတ်ခမ်း‌မွေး အပါ လူ ၅၀ လောက်ရှိမယ်၊ ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး ဝင်ခုတ်သွားတာ။ မနေ့ညကလည်း အဲဒီရုံးခန်းထဲမှာ ဦးစောမန်းနဲ့ သတင်းထောက် သုံးဦးပဲ ရှိနေတာပါ။”

ပြည်ကြီးတံခွန်မြို့နယ်မှာ လူမိုက်ခေါင်းဆောင်ဆိုသူ အောင်နိုင်ထွေး (ခ) နှုတ်ခမ်းမွေး အပါအဝင် အယောက် ၅၀ လောက်က မနေ့ မတ် ၂၄ ရက် ည ၁၂ နာရီခွဲမှာ ဆိုင်ကယ်တွေနဲ့ ရပ်ကွက်ထဲ ဝင်ရောက်လာခဲ့ပြီး နေပြည်တော် မှုခင်းသတင်းထောက်အဖွဲ့ရုံးကို ဝင်ရောက်ကာ “မင်းတို့လားကွ နေပြည်တော် မှုခင်းသတင်းထောက်တွေ” လို့ ပြောဆိုပြီး အသင့်ကိုင်ဆောင်လာတဲ့ ဓားတွေနဲ့ ဝင်ခုတ်ခဲ့ကြတာလို့ လုံခြုံရေးအဖွဲ့ဆီက သိရပါတယ်။

နေပြည်တော် မှုခင်းသတင်းထောက်အဖွဲ့ တိုင်းတာဝန်ခံ ဦးစောမန်း အပါအဝင် လေးဦးမှာ ဓားခုတ်ဒဏ်ရာတွေ ပြင်းထန်ခဲ့တာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ မှုခင်းရှုထောင့် သတင်းအဖွဲ့ချုပ်ရုံးကို DVB အနေနဲ့ အတည်ပြု မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013