DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များအား နေရပ်ပြန်မပို့ရန် အိန္ဒိယအစိုးရကို တောင်းဆို
DVB
·
March 25, 2024
မြန်မာဒုက္ခသည်များအား နေရပ်ပြန်မပို့ရန် အိန္ဒိယအစိုးရကို တောင်းဆို
Donate to DVB

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ် ဖမ်းဆီးမှုနဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်မပို့ဖို့ မြန်မာ့လူ့အခွင့်အရေးအဖွဲ့တဖွဲ့က  အိန္ဒိယအစိုးရထံ တောင်းဆိုလိုက်ပါတယ်။

အိန္ဒိယအစိုးရက တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် ၇၇ ယောက်ကို မတ်လ အစောပိုင်းမှာ နေရပ်ပြန်ပို့ဖို့ စီစဉ်နေခဲ့တာပါ။  မတ် ၈ ရက်မှာ  ရှစ်ယောက်ကို စတင်ပို့ဆောင်ခဲ့ကာ ကျန်သူအားလုံးကိုလည်း မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။

မြန်မာနိုင်ငံသားတွေကို သူတို့ရဲ့ ဆန္ဒမပါဘဲ ပြန်လည်ပို့ဆောင်ခြင်းမပြုဖို့၊ ပြန်ပို့ခံရသူတွေဟာ ရက်စက်တဲ့ ဖိနှိပ်မှုတွေကို ကြုံတွေ့ရမှာဖြစ်ကြောင်း၊ အဆိုပါ ၇၇ ဦးကို မြန်မာစစ်တပ်လက်ထဲ လွှဲပြောင်းပေးအပ်လိုက်မှာ စိုးရိမ်ကြောင်း Kabaw Valley မှာရှိတဲ့ မြန်မာဒုက္ခသည်များဆိုင်ရာကော်မတီက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒီမြန်မာနိုင်ငံသားတွေကို စစ်အာဏာရှင်တွေလက်ထဲ အပ်လိုက်ရင် တိုက်ပွဲတွေမှာ လူသားဒိုင်းအဖြစ် သူတို့ကို အသုံးချမှာ အလွန်စိုးရိမ်မိပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

မဏိပူရပြည်နယ်အစိုးရအနေနဲ့ လူမှုရေး၊ နိုင်ငံရေးအခြေအနေတွေအပြင် လူသားချင်း စာနာထောက်ထားပြီး မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်ရေး စီမံချက်အပေါ် ပြန်လည်သုံးသပ်ပေးဖို့ တိုက်တွန်းထားပါတယ်။

အဲဒါအပြင် ပြန်ပို့ခံရမယ့် မြန်မာနိုင်ငံသားတွေကို မဏိပူရမှာ ယာယီ ဆက်လက်နေထိုင်မလား၊ မဖြစ်မနေ စစ်မှုထမ်းရမယ့် မြန်မာနိုင်ငံကို ပြန်မလားဆိုတာ သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ပေးဖို့ မျှော်လင့်ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်လည်သွားရောက်ဖို့ သူတို့တွေ အခွင့်အရေးရှိလာတဲ့ အချိန်ထိ အိန္ဒိယဘက်အခြမ်းနယ်စပ်ဒေသမှာ ယာယီနေထိုင်ခွင့်ပေးထားဖို့လည်း မဏိပူရပြည်နယ်အစိုးရကို တောင်းဆိုပါတယ်။

အမျိုးသမီး ၅၁ ယောက်နဲ့ ကလေးငယ် ၅ ယောက်အပါအဝင်  မြန်မာဒုက္ခသည် ၇၇ ယောက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အန်ဖာရှိ ထိန်းသိမ်းရေးစခန်းမှာ မဏိပူရပြည်နယ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။  

၂၀၂၃ ခုနှစ် မေ ၃ ရက်မှ အခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်အထိ မြန်မာနိုင်ငံသား ၆၇၄၆ ယောက်ကို တွေ့ရှိခဲ့ရကြောင်း၊ ဒီအထဲက ၂၅၉ ယောက်ကို ဇီဝအထားအချက်အလက်တွေရ ယူထားပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အိန္ဒိယအခြေစိုက် The Hindu သတင်းမှာ ဖော်ပြပါတယ်။

Source: The Hindu

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013