DVB Logo
Home
နိုင်ငံတကာ
အသက်အငယ်ဆုံး အိုင်ယာလန်ဝန်ကြီးချုပ် ဖြစ်လာမည့် ဆိုင်မွန်ဟားရစ်
DVB
·
March 25, 2024
အသက်အငယ်ဆုံး အိုင်ယာလန်ဝန်ကြီးချုပ် ဖြစ်လာမည့် ဆိုင်မွန်ဟားရစ်
Donate to DVB

အသက် ၃၇ နှစ်သာရှိသေးတဲ့ ဆိုင်မွန်ဟားရစ်ဟာ မတ် ၂၄ ရက်မှာ အာဏာရ ဖိုင်းဂေးလ်ပါတီရဲ့ ခေါင်းဆောင်သစ် ဖြစ်လာတဲ့အတွက် အသက်အငယ်ဆုံး အိုင်ယာလန် ဝန်ကြီးချုပ် ဖြစ်လာတော့မယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဝန်ကြီးချုပ်လည်းဖြစ်၊ ဖိုင်းဂေးလ်ပါတီ ခေါင်းဆောင်လည်းဖြစ်တဲ့ လီယိုဗာရက်ဒ်ကာ ရုတ်တရက် နုတ်ထွက်သွားပြီးတဲ့နောက်မှာ ခေါင်းဆောင်သစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အဆင့်မြင့်ပညာရေးဝန်ကြီး ဟားရစ်ဟာ အိုင်ယာလန်ရဲ့ ကိုဗစ်-၁၉ ကာလ အစီအမံတွေကို ဦးဆောင်ခဲ့သူအဖြစ် ထင်ရှားပါတယ်။

ဟားရစ်ဟာ ရွှေ့ပြောင်းအခြေချမှုပြဿနာနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို အဓိက ကိုင်တွယ်ရဖွယ် ရှိနေပါတယ်။

ဟားရစ်ဟာ သုံးပါတီညွန့်ပေါင်းအစိုးရရဲ့ တနှစ်တောင် မကျန်တော့တဲ့ သက်တမ်းကို ဦးဆောင်ပြီး လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

လာမယ့် ဧပြီ ၉ ရက် လွှတ်တော်အစည်းအဝေး ကျင်းပတဲ့အခါကျရင် အိုင်းရစ်ရှ်စကားအရ “တေးရှား” လို့ခေါ်တဲ့ ဝန်ကြီးချုပ်နေရာအတွက် ဟားရစ်ကို တရားဝင်တင်မြှောက်ဖို့ ရှိနေပါတယ်။

အိုင်ယာလန်နိုင်ငံနဲ့ ဗြိတိန်ပြည်ထောင်စုထဲမှာပါတဲ့ မြောက်အိုင်ယာလန်ပြည်နယ်ကို ပေါင်းစည်းရေး လိုလားတဲ့ ဆင်းဖိန်းပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ အခြေအနေ ကောင်းနိုင်တယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

ဒီအချိန်မှာ တပါတီတည်း စိတ်တိုင်းကျ မလုပ်နိုင်ဘဲ သုံးပါတီညွန့်ပေါင်းကို ဦးဆောင်ရမှာ ဖြစ်တဲ့အတွက် ဟားရစ်အတွက် စိန်ခေါ်မှုကြီးကြီးမားမား ရှိနိုင်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013