DVB Logo
Home
နိုင်ငံတကာ
ကုလအေဂျင်စီ ရိက္ခာယာဉ်တန်းများကို ဂါဇာမြောက်ပိုင်းသို့ ဝင်ခွင့်မပြု
DVB
·
March 25, 2024
ကုလအေဂျင်စီ ရိက္ခာယာဉ်တန်းများကို ဂါဇာမြောက်ပိုင်းသို့ ဝင်ခွင့်မပြု
Donate to DVB

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဒုက္ခသည်အေဂျင်စီ (UNRWA) ရဲ့ ရိက္ခာယာဉ်တန်းတွေ ဂါဇာမြောက်ပိုင်းကို ဝင်ရောက်ဖို့ ခွင့်ပြုတော့မှာ မဟုတ်ကြောင်း အစ္စရေးက အသိပေးလာတယ်လို့ UNRWA အကြီးအကဲက ပြောပါတယ်။

UNRWA အကြီးအကဲ ဖိလစ်ပီ လက်ဇာရီနီက  “ဒါဟာ လုံးဝ လက်သင့်မခံနိုင်စရာပါ။ လူလုပ်တဲ့ အငတ်ဘေးကာလအတွင်းမှာ အသက်ကယ် အကူအညီတွေကို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်တာပါ။ ဒီကန့်သတ်ချက်တွေ ဖယ်ရှားပေးသင့်ပါတယ်” လို့ လူမှုကွန်ရက် X မှာ ရေးထားပါတယ်။

UNRWA ဟာ ဂါဇာနဲ့ အရှေ့အလယ်ပိုင်းတခွင်က ပါလက်စတိုင်း ဒုက္ခသည်တွေကို အကူအညီတွေ ပေးအပ်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ဟားမတ်စ်က အစ္စရေးမြေပေါ် ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်က UNRWA ဝန်ထမ်းတွေ ပါဝင်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲထားတာ ရှိပါတယ်။

ဒီကိစ္စကြောင့် UNRWA ရဲ့ အဓိကအလှူရှင် အမေရိကန် အပါအဝင် နိုင်ငံအများအပြားက ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းခဲ့ပါတယ်။

အခုနောက်ပိုင်းမှာတော့ ကနေဒါ၊ ဩစတြေးလျနဲ့ ဆွီဒင်တို့လို နိုင်ငံတချို့က ရန်ပုံငွေ ပြန်ပေးနေပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း အစ္စရေး တာဝန်ရှိသူတွေဟာ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ကို ရောက်နေတဲ့ လက်ဇာရီနီကို ဂါဇာကမ်းမြောင်ကို ဝင်ခွင့်မပေးခဲ့ပါဘူး။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013