DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ်အနောက်ဘက်က စစ်ရှောင်နှင့် ဒေသခံများ ရေရှားပါးသဖြင့် ဒုက္ခတွေ့ 
DVB
·
March 24, 2024
ဖယ်ခုံမြို့နယ်အနောက်ဘက်က စစ်ရှောင်နှင့် ဒေသခံများ ရေရှားပါးသဖြင့် ဒုက္ခတွေ့ 
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းဒေသက စစ်ရှောင်နဲ့ ဒေသခံတွေဟာ ရေရှားပါးလို့ ဒုက္ခကြုံနေကြတယ်လို့ စစ်ရှောင်တွေသိရပါတယ်။

အနောက်ကယန်းဒေသမှာ ရေချောင်းမရှိသလို ရေထွက်ပေါက်လည်း ရှားပါးတာကြောင့် အရင်ကတည်းက ရေရှားပါးတဲ့ဒေသလည်းဖြစ်လို့  အခုတော့ သောက်သုံးရေအတွက် ပိုပြီး အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

စစ်ရှောင်တယောက်က “ဒီမှာက နဂိုကတည်းက ရေရှားတယ်လေ။ အခုကျ တိုက်ပွဲတွေကြောင့် ရေလာလှူတဲ့ အလှူရှင်နည်းတယ်။ နှစ်စဉ် ဒီလို ၁ လပိုင်းကနေ ၅ လပိုင်းအထိ ရေရှားတယ်။ သောက်တာတောင် ချွေတာပြီးသောက်နေရတယ်” လို့ ပြောပါတယ်။

ရေကားအသေး တစီးကို ကျပ် ၄ သောင်းနဲ့ ဝယ်ယူနေရပြီး  ဂါလန် ၁၀၀၀ ဆံ့ ရေကားအကြီးကို ၈ သောင်းနဲ့ ဝယ်ယူနေရတယ်လို့ ပြောပါတယ်။

သောက်သုံးရေ ရှားပါးတဲ့အပြင် ကုန်စည်စီးဆင်းမှုလမ်းကြောင်းကိုလည်း စစ်ကောင်စီက ပိတ်ထားတာကြောင့် ရိက္ခာပြတ်လပ်တာ၊ ဆေးဝါးဝယ်လို့မရတာ၊ အခြေခံလူသုံးကုန်တွေ ပြတ်လပ်တာလည်း တချို့နေရာမှာ ကြုံတွေ့တယ်လို့ ပြောပါတယ်။

စစ်ရှောင်အများစုဟာ ဖယ်ခုံမြို့၊ ပင်လောင်းမြို့တောင်ဘက်က ဒေသခံတွေနဲ့ လွိုင်ကော်၊ ဒီးမော့ဆိုက ဒေသခံတွေဖြစ်ပြီး လူဦးရေ ၁၀,၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013