DVB Logo
Home
မြန်မာသတင်း
မင်းတပ်-ကျောက်ထု-ဆော လမ်းပိုင်းကို အရေးပေါ်ပိတ်
DVB
·
March 24, 2024
မင်းတပ်-ကျောက်ထု-ဆော လမ်းပိုင်းကို အရေးပေါ်ပိတ်
Donate to DVB

ချင်းပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ မင်းတပ်-ကျောက်ထု-ဆော လမ်းပိုင်းကို အရေးပေါ် ပိတ်ထားလိုက်ပြီလို့ ချင်းကာကွယ်ရေးတပ် CDF မင်းတပ်က ဒီနေ့ မတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က လူ၊ လက်နက်၊ ရိက္ခာဖြည့်တင်းဖို့ စစ်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်လာတာကြောင့် တန်ပြန်စစ်ဆင်ရေးအတွက် ပြင်ဆင်ဖို့၊ စစ်ရေးလုပ်ကျင့်တာတွေ ပြုလုပ်ဖို့အတွက် လမ်းကိုပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့အနောက်ဘက် ၁၀၁ တပ်ကနေ စစ်ကောင်စီတပ်ရဲ့ ရိက္ခာကား အစီး ၁၀၀ ကျော်နဲ့ အနောက်ဘက်ကို စတင်ထွက်ခွာလာတယ်လို့ သိရပါတယ်။ 

CDF မင်းတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က “ယာဉ်တန်းက ဘယ်ကို ဦးတည်သလဲတော့ မသိသေးဘူးပေါ့နော်။ ယာဉ်တန်းကလည်း ပခုက္ကူကနေ ကမ္မကို ထွက်လာပြီး အစီးကတော့ ၁၀၀ ကျော်တယ်ပေါ့နော်။ ပခုက္ကူနဲ့ မင်းတပ်ဆိုတာကလည်း မိုင်ပေါင်း ၉၈ မိုင်လောက်ပဲ ရှိတယ်။ တကယ်လို့များ မင်းတပ်ဘက်ကိုရောက်လာရင် တိုက်ပွဲတွေရှိလာနိုင်တော့ ပြည်သူလူထုအတွက် အထိအခိုက်မရှိအောင် တားဆီးထားတဲ့သဘောပါ” လို့ ပြောပါတယ်။

လမ်းပြန်လည် အသုံးပြုနိုင်မယ့်နေ့ကို ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး ထုတ်ပြန်ချက်ကို လိုက်နာဖို့လည်း CDF မင်းတပ် တာဝန်ရှိသူက ပြောပါတယ်။

အခု မတ်လအတွင်း မင်းတပ်မြို့နယ်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာ ၄ ကြိမ်ရှိပြီလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013