DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျီးရီးယားတွင် ပြန်ပေးဆွဲခံထားရသည့် ကျောင်းသား ကျောင်းသူ ၃၀၀ နီးပါး ပြန်လွတ်
DVB
·
March 24, 2024
နိုင်ဂျီးရီးယားတွင် ပြန်ပေးဆွဲခံထားရသည့် ကျောင်းသား ကျောင်းသူ ၃၀၀ နီးပါး ပြန်လွတ်
Donate to DVB

အခုလ အစောပိုင်းက ပြန်ပေးဆွဲခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ ၃၀၀ နီးပါး ပြန်လည် လွတ်မြောက်လာကြပြီလို့ နိုင်ဂျီးရီးယားနိုင်ငံ၊ ကာဒူနာပြည်နယ်အုပ်ချုပ်ရေးမှူးက မတ်လ ၂၄ ရက်မှာ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

“ကူရီဂါကျောင်းက ကလေးတွေ ဘေးမသီရန်မခဘဲ ပြန်လွတ်လာကြပါပြီ” လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အူဘာဆာနီက ရေးသားထားပါတယ်။ 

နိုင်ဂျီးရီးယား ထောက်လှမ်းရေးအေဂျင်စီတွေရော စစ်တပ်ပါ ပူးပေါင်းပြီး ကလေးတွေကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ရေးထားပါတယ်။ 

မတ်လ ၇ ရက်မှာ ကာဒူနာပြည်နယ်၊ ချီကွန်ခရိုင်က ကူရီဂါကျေးရွာမှာရှိတဲ့ LEA မူလတန်းနဲ့ အထက်တန်းကျောင်းကို မော်တော်ဆိုင်ကယ်စီး လက်နက်ကိုင်ဓားပြတွေက ဝင်စီးခဲ့ကြပြီး ကျောင်းသား ကျောင်းသူ ၃၀၀ ကျော်ကို ပြန်ပေးဆွဲသွားခဲ့တာပါ။ တချို့ကျောင်းသားတွေကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ၂၈၇ ဦးအထိ ကျန်နေတာဖြစ်ပြီး အဲဒီအထဲမှာ မူလတန်းကလေး ၁၀၀ လောက် ပါဝင်ပါတယ်။ 

သေနတ်သမားတွေက ပြန်ပေးငွေအဖြစ် နိုင်ဂျီးရီးယားငွေ ၁ ဘီလီယံ နိုင်ရာ (ဒေါ်လာ ၆ သိန်းကျော်)  တောင်းခံခဲ့ပြီး မပေးရင် ကလေးတွေ အကုန်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ 

ကဒူနာပြည်နယ်မှာ ဓားပြတွေက အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲတာမျိုး မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

Source/Photo-REUTERS/Stringer/File Photo

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013