DVB Logo
Home
မြန်မာသတင်း
ရွာငံတွင် ဒုတပ်ကြပ်နှင့် ပျူစောထီး ပစ်သတ်ခံရ၊ သဲကုန်းတွင် ထွေအုပ်စာရေးနှင့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
DVB
·
March 23, 2024
ရွာငံတွင် ဒုတပ်ကြပ်နှင့် ပျူစောထီး ပစ်သတ်ခံရ၊ သဲကုန်းတွင် ထွေအုပ်စာရေးနှင့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်သားတယောက်နဲ့ ပျူစောထီးတယောက်သေနတ်နဲ့ ပစ်သတ်ခံရပြီး ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်မှာလည်း စစ်သားစုဆောင်းပြီးပြန်လာနဲ့ ရွာ အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်စာရေးတို့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

မတ် ၂၂ ရက် မနက် ၈ နာရီခွဲလောက်က ရွာငံမြို့နယ်၊ စစ်စီးကုန်းကျေးရွာတောင်ဘက်မှာ ကားနဲ့ ခရီးသွားနေတဲ့ စစ်ကောင်စီတပ်က ဒုတပ်ကြပ် ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက်ကို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ Ywangan PDF(JPRF) အဖွဲ့က သတင်းကြိုရလို့ သွားရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

၂ ယောက်လုံး သေဆုံးခဲ့ပြီး သူတို့ဆီကနေ AK 47 ၁ လက်၊ ကာဘိုင် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ တခြားပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ပျူစောထီးက မြင်းကျတိုးရွာကပါ။ ဒုတပ်ကြပ်ကလည်း မြင်းကျတိုးစခန်းမှာ တာဝန်ကျနေတဲ့ တယောက်ပါ။ ဖရဲသီးက သတင်းပေးထားလို့ သွားရောက်ရှင်းလင်းခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရွာငံမြို့နဲ့ ပင်းတယမြို့မှာ လူငယ်တွေကို စစ်မှုထမ်းဖို့  စစ်ကောင်စီလိုကျ ဖိအားပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေကို စောင့်ကြည့်နေတယ်လို့လည်း ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဇီးကုန်းအုပ်စု၊ သာပေါင်းရွာနားမှာ မတ် ၂၁ ရက်မွန်းလွဲ ၁၂ နာရီခွဲအချိန်က အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေနဲ့ ထွေအုပ်စာရေး ဖြိုးဝေ တို့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်ကတော့ အဲဒီ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်စာရေးတို့ဟာ ဇီးကုန်းအုပ်စုထဲမှာ စစ်မှုထမ်းဖို့ အတင်းအဓ္ဓမစုဆောင်းပြီး ပြန်လာတဲ့လမ်းမှာ အခုလိုပစ်ခတ်ခံရတာလို့ ပြောပါတယ်။

ပစ်ခတ်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PDF တပ်ရင်း တပ်ခွဲ ၄ ပူးပေါင်း နွေဦးမောင်အဖွဲ့က လုပ်ဆောင်ခဲ့တာလို့လည်း တော်လှန်ရေးအင်အားစုတာဝန်ရှိသူက ပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ ပွဲချင်းပြီး သေဆုံးပြီး ထွေအုပ်စာရေး ကိုဖြိုးဝေကတော့ ဝမ်းဗိုက်ကိုထိမှန် ဒဏ်ရာအပြင်းအထန်ရလို့ ရန်ကုန်ပြည်သူ့ဆေးရုံကို အရေးပေါ်ပို့ဆောင်ပေးရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုဘက်ကတော့အထိခိုက်မရှိသလို အခုလို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အနေနဲ့ စစ်မှုထမ်းဖို့ အတင်းအဓ္ဓ စုဆောင်းမယ်ဆိုရင် ထပ်မံအရေးယူသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013