DVB Logo
Home
နိုင်ငံတကာ
မော်စကို ဂီတဖျော်ဖြေပွဲတွင် IS အဖွဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၆၀ သေဆုံးပြီး ရာချီဒဏ်ရာရ
DVB
·
March 23, 2024
မော်စကို ဂီတဖျော်ဖြေပွဲတွင် IS အဖွဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၆၀ သေဆုံးပြီး ရာချီဒဏ်ရာရ
Donate to DVB

ရုရှားနိုင်ငံ မော်စကိုမြို့အနီး မတ် ၂၂ ရက် ညပိုင်း ကျင်းပတဲ့ တေးဂီတဖျော်ဖြေပွဲမှာ  ပြောက်ကျားဝတ်စုံဝတ် သေနတ်သမားတွေက သေနတ်တွေနဲ့ ဝင်ပစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

တချိန်က အီရတ်နဲ့ ဆီးရီယားနယ်မြေအများအပြားကို သိမ်းပိုက်ခဲ့ဖူးတဲ့  IS အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ သူတို့ကိုယ်ပိုင် အာမက်သတင်းဌာနက တယ်လီဂရမ်ကနေ ကြေညာပါတယ်။

မော်စကိုမြို့အနောက်ဘက်ဆင်ခြေဖုန်းက လူ ၆၂၀၀ ဆန့် ခရိုကို့စ်မြို့တော်ခန်းမမှာ ဆိုဗီယက်ခေတ်ကတည်းက နာမည်ကြီးတဲ့ Picnic ရော့ခ်ဂီတအဖွဲ့က ဖျော်ဖြေမှာဖြစ်တဲ့အတွက်  ပရိသတ်အပြည့်ရောက်ရှိနေချိန်မှာ သေနတ်သမား ငါးဦးထက်မနည်းက ဝင်ပစ်ခဲ့တာဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တွေအရ ပရိသတ်တွေက ထိုင်ခုံမှာနေရာယူနေတုန်းမှာပဲ သေနတ်သံတွေထွက်လာပြီး အလုအယက်ထွက်ပြေးကြပုံတွေ၊ အော်ဟစ်သံတွေ ကြားခဲ့ရပါတယ်။

ကိုယ်တွေ့ကြုံရသူက “ရုတ်တရက်ကြီး ကျနော်တို့နောက်မှာ သေနတ်သံတွေကြားရတယ်။ ပစ်ခတ်သံတွေ၊ ဘာဖြစ်လို့ဖြစ်မှန်းမသိဘူး"လို့ ရိုက်တာကို ပြောပါတယ်။

"လူအုပ်ပိကုန်ရော၊ လူတိုင်းက စက်လှေကားဆီကို ပြေးကြတာလေ၊ လူတိုင်းက အော်ဟစ်ပြေးလွှားနေကြတာ။”

ဒါဟာ ၂၀၀၄ ခုနှစ်က ဘက်စ်လန်ကျောင်းကို အစ္စလာမ်မစ်စစ်သွေးကြွေတွေ ဝင်စီးပြီး လူ ၁၀၀၀ ကျော်ကို ဖမ်းဆီးခဲ့မှု နောက်ပိုင်း ရုရှားမှာအသေအပျောက်အများဆုံး ဖြစ်စဉ်ဖြစ်ပါတယ်။

အခုတိုက်ခိုက်မှုမှာ လူရာချီ သေဆုံးဒဏ်ရာရစေခဲ့အပြီးမှာ အဖွဲ့သားတွေ ဘေးကင်းရာကို ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့   IS အဖွဲ့က ထုတ်ပြန်ပါတယ်၊။

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ၂၀၁၅ မှာ ဆီးရီးယားသမ္မတ ဘာရှားအာဆတ်က  IS အဖွဲ့ကို တိုက်ခိုက်ရာမှာ ဝင်ရောက်ကူညီပေးတဲ့အတွက် ဆီးရီးယားပြည်တွင်းစစ် ရေချိန်ပြောင်းလဲသွားခဲ့ပါတယ်။

ဒါကြောင့် ရုရှားအပေါ်  IS က ရန်သူအဖြစ် သတ်မှတ်ထားတယ်လို့ယူဆရပါတယ်။ အခုတိုက်ခိုက်မှုကို အမေရိကန်၊ ဥရောပနဲ့ အာရပ်နိုင်ငံတွေ၊ ဆိုဗီယက်နိုင်ငံဟောင်းတွေ ကလည်း ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။

ယူကရိန်းကလည်း သူတို့နဲ့ဘယ်လိုမှ မပတ်သက်ကြောင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်ကတည်းက အစွန်းရောက်တွေမော်စကိုမှာ အကြမ်းဖက်တိုက်ခိုက်လာနိုင်တယ်လို့ မော်စကိုမှာ ရှိတဲ့ အမေရိကန်သံရုံးက သတိပေးချက်ထုတ်ပြန်ထားခဲ့ပါတယ်။

Source/ Photo: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013