DVB Logo
Home
မြန်မာသတင်း
ထိခိုက်ပျက်စီးခဲ့သည့် မြို့နယ်များ ပြန်ထူထောင်ရန် TNLA က ကျပ်သိန်း ၄၅၀၀ ခန့် ထောက်ပံ့
DVB
·
March 22, 2024
ထိခိုက်ပျက်စီးခဲ့သည့် မြို့နယ်များ ပြန်ထူထောင်ရန် TNLA က ကျပ်သိန်း ၄၅၀၀ ခန့် ထောက်ပံ့
Donate to DVB

စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပျက်စီးသွားတဲ့ မြို့နယ်တွေ ပြန်လည်ထူထောင်ရေးအတွက် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ကျပ်သိန်း ၄,၅၀၀ လောက် ထောက်ပံ့ခဲ့တယ်လို့ ဒီနေ့ မတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

PSLF/TNLA အုပ်ချုပ်ရေး ဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဂျားနဲ့ တာဝန်ရှိတွေက နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနဲ့ မိုင်းငေါ့မြိုနယ်တို့ ပြန်လည်ထူထောင်ရေးအတွက် လူထုနဲ့တွေ့ဆုံပြီး လိုက်လံထောက်ပံ့ပေးတာလို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးနဲ့ အကြောင်းမဲ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်တာကြောင့် တအာင်းပြည် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနဲ့ မိုင်းငေါ့မြိုနယ်တို့မှာ နေအိမ်ပေါင်း ၄၂၁ လုံး ဝန်းကျင် ထိခိုက်ပျက်စီးသွားခဲ့ပြီး ကျပ်သိန်းပေါင်း ၄၄၃,၆၀၀,၀၀၀ လောက်ကို မြို့နယ်အလိုက် ထိခိုက်ပျက်စီးသွားတဲ့အိမ်က ကာယကံရှင် မိသားစုတွေကို အခမ်းအနားနဲ့ ပေးအပ်‌ခဲ့တာလို့ ဆိုပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေ ပြန်လည်ထူထောင်ရေးအတွက် ထိခိုက်ပျက်စီးတဲ့အပေါ် မူတည်ပြီး အဆင့် A၊ အဆင့် B နဲ့ အဆင့် C လို့ သတ်မှတ်ထောက်ပံ့ခဲ့တာလို့လည်း ဆိုပါတယ်။

ပြီးတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတိုက်ခိုက်တာတွေကြောင့် သေဆုံသွားသူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကိုလည်း သတ်မှတ်ထားတဲ့ ထောက်ပံ့ငွေတွေ‌ပေးခဲ့ပြီး အခုလို ထောက်ပံ့ရာမှာ PSLF/TNLA အပြင် တအာင်းအရပ်ဘက်အဖွဲအစည်းတချို့လည်း လိုက်လံ ထောက်ပံ့နေပြီး PSLF/TNLA ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ တခြားမြို့နယ်တွေကိုလည်း ဆက်လက်ထောက်ပံ့မယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013