DVB Logo
Home
နိုင်ငံတကာ
တက္ကဆက်ဥပ‌ဒေကြောင့် ထိခိုက်နစ်နာသူများကို မက္ကဆီကို အကာအကွယ်ပေးမည်
DVB
·
March 22, 2024
တက္ကဆက်ဥပ‌ဒေကြောင့် ထိခိုက်နစ်နာသူများကို မက္ကဆီကို အကာအကွယ်ပေးမည်
Donate to DVB

အမေရိကန်-မက္ကဆီကို နယ်စပ်ကို တရားမဝင် ဖြတ်ကူးတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို ဖမ်းဆီးတရားစွဲဆိုခွင့် ပြုထားတဲ့ တက္ကဆက်ဥပဒေ S.B. 4 ရဲ့ သက်ရောက်ခံရတဲ့ မက္ကဆီကိုနိုင်ငံသားတွေကို မက္ကဆီကို ကောင်စစ်ဝန်ရုံးတွေက ‘အကာအကွယ်၊ ပံ့ပိုးမှုနဲ့ လမ်းညွှန်ချက်’ တွေ ပေးသွားမယ်လို့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး အယ်လီစီယာ ဘာစေနာက မတ် ၂၁ ရက်မှာ ပြောပါတယ်။

အဲဒီအတွက် မက္ကဆီကိုအစိုးရက တရားရေးဆိုင်ရာ ပံ့ပိုးမှုစနစ်ကို ပံ့ပိုးပေးထားတယ်လို့လည်း သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောပါတယ်။

ဘာစေနာက မက္ကဆီကိုဟာ ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်မယ့် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး သူတို့ကို အလုပ်ခန့်မယ့် မက္ကဆီကိုနဲ့ ဗင်နီဇွဲလား ကုမ္ပဏီတွေနဲ့ သဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။

မက္ကဆီကိုအစိုးရဟာ ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူ အများအပြားကို မကိုင်တွယ်နိုင်လို့ သူတို့နိုင်ငံကို ပြန်ပို့တာဖြစ်ကြောင်းလည်း ဆိုပါတယ်။

သမ္မတကလည်း ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူတိုင်းကို “လူငယ့်အနာဂတ်ကို တည်ဆောက်ခြင်း” နဲ့ “ဘဝထူထောင်ရေး” တို့လို အစီအစဉ်တွေနဲ့ ကူညီပံ့ပိုးဖို့ လမ်းညွှန်ချက် ပေးထားတယ်လို့လည်း ဆိုပါတယ်။

ဒီအစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ မက္ကဆီကိုအစိုးရဟာ နိုင်ငံတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူတွေကို တလ ဒေါ်လာ ၁၁၀ ဝန်းကျင် ပေးမှာဖြစ်ပြီး နှစ်နိုင်ငံစလုံးရှိ မတူညီတဲ့ ကုမ္ပဏီတွေအတွက် အလုပ်လုပ်ကိုင်ခွင့် ရရှိစေမယ့် အစီအစဉ်တခုလည်း ဖြစ်ပါတယ်။

မက္ကဆီကိုမှာ နေထိုင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အလုပ်အကိုင်ပေါင်း ၁၀,၀၀၀ ပေးမယ့် မက္ကဆီကိုကုမ္ပဏီ ၅၀ နဲ့လည်း သဘောတူညီချက်တခု လုပ်ထားတယ်လို့ ဘာစေနာက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013