DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ပိတ်ရက် နေရပ်ပြန်မည့် အလုပ်သမားများအတွက် အလုပ်ရှင်က ထောက်ခံစာ လုပ်ပေးမည်
DVB
·
March 22, 2024
သင်္ကြန်ပိတ်ရက် နေရပ်ပြန်မည့် အလုပ်သမားများအတွက် အလုပ်ရှင်က ထောက်ခံစာ လုပ်ပေးမည်
Donate to DVB

သင်္ကြန်ပိတ်ရက်မှာ နေရပ်ပြန်မယ့်အလုပ်သမားတွေကို သက်ဆိုင်ရာစက်ရုံတွေက ထောက်ခံစာ လုပ်ပေးဖို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)က အကြောင်းကြားထား တယ်လို့ လုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။

နေရပ်ပြန်မယ့်အလုပ်သမားတွေလမ်းခရီးမှာ အဆင်ပြေချောမွေ့စေဖို့အတွက် စက်ရုံ/ကုမ္ပဏီတွေ ကနေ ထောက်ခံစာလုပ်ပေးဖို့ အကြောင်းကြားထားတာဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းရှင်တဦးက "အသင်းက စာထွက်တယ်။ အလုပ်သမားအားလုံးကို ထောက်ခံစာ ထုတ်ပေးရမယ်တော့ မဟုတ်ပါဘူး။ ခရီးလမ်းအနေအထားအရ ထောက်ခံစာ လိုအပ်မယ်လို့ ထင်ရတဲ့သူတွေကို လုပ်ပေးဖို့ပေါ့"လို့ ပြောပါတယ်။

စက်ရုံတွေအနေနဲ့ထောက်ခံစာလုပ်ပေးရာမှာ အလုပ်သမားက မိမိစက်ရုံမှ ဝန်ထမ်းဖြစ်ကြောင်း၊ ခရီးသွားလာရာမှာလိုအပ်သလိုကူညီဆောင်ရွက်ပေးဖို့မေတ္တာရပ်ခံကြောင်းဖော်ပြချက်နဲ့အတူ အလုပ်သမားရဲ့ နာမည်၊ မှတ်ပုံတင်နံပါတ်၊ လူမူဖူလုံရေးနံပါတ်၊ အလုပ်ဌာန၊ နေရပ်လိပ်စာတွေပါ ထည့်သွင်းဖို့ နမူနာစာကိုလည်း MGMAကထုတ်ပေးထားပါတယ်။

သင်္ကြန်ရုံးပိတ်ရပ်မှာ ခရီးသွားမယ့်သူတွေအနေနဲ့ မှတ်ပုံတင်၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ အလုပ်ခေါ်စာ၊ သွားရောက်မယ့်နေရပ်ထောက်ခံစာတွေ ပါရှိရမယ်ဆိုပြီး သတင်းတွေထွက်လာပြီးတဲ့နောက် စက်ရုံတွေကထောက်ခံစာလုပ်ပေးဖို့ စီစဥ်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ပြည်သူ့စစ်မူထမ်းဥပဒေကြောင့် အကျုံးဝင်သူတွေ စာရင်း ကောက်နေတဲ့အပေါ် စိုးရိမ်ပြီး အလုပ်ထွက်တဲ့သူတွေရှိလာလို့ လုပ်ငန်းလည်ပတ်မှုထိခိုက်မှာကို စိုးရိမ်နေရတယ်လို့ လုပ်ငန်းရှင်တချို့က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013