DVB Logo
Home
မြန်မာသတင်း
သထုံတွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
DVB
·
March 22, 2024
သထုံတွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာအုပ်စု ကွန်ပြူတာတက္ကသိုလ်သွားတဲ့ လမ်းမပေါ်မှာ အမျိုးသားတဦး မတ် ၂၀ ရက်က ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွန်ပြူတာတက္ကသိုလ်လမ်းပေါ်ရှိ ပြည့်ဖြိုးဝေမုန့်ဆိုင် အနီးမှာ မတ် ၂၀ ရက် ညနေ ၅ နာရီလောက်က ဆိုင်ကယ်မောင်းလာတဲ့ အသက် ၂၇ နှစ်အရွယ် ကိုဝင်းထွန်းကို PDF နှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

သေနတ်နဲ့ပစ်ခံရမှုကြောင့် ကိုဝင်းထွန်းရဲ့ လက်မောင်းနဲ့ ဦးခေါင်းတို့မှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေ ရရှိခဲ့ပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

သထုံမြို့ခံတဦးက “သူ့အစ်ကို သားငယ်ထင်ပြီး သေနတ်ပစ်သတ်သွားတယ်လို့ ကြားတယ်။ ပစ်သွားတာက သထုံ PDF ကပါ။ ကိုဝင်းထွန်းကတော့ စစ်တပ်နဲ့မပတ်သက်ဘဲ အေး‌ဆေးနေနေတာ။ သူ့အစ်ကိုကတော့ စစ်တပ်နဲ့ နည်းနည်း ရောရောထွေးထွေးရှိတယ်။ သူ့အစ်ကို ဆိုင်ကယ်နဲ့ အပြင်သွားတဲ့အချိန် ပစ်သတ်ခံလိုက်ရတာ” လို့ ပြောပါတယ်။

ကိုဝင်းထွန်း ပစ်သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ်ထားပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

ကိုဝင်းထွန်းကို သူ့အစ်ကို စစ်တပ်ထောက်တိုင် ကိုသားငယ်နဲ့မှားပြီး ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ဒေသတွင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

သေဆုံးသွားတဲ့ ကိုဝင်းထွန်းရဲ့ ရုပ်အလောင်းကို ဒေသခံ လူမှုကူညီရေး အဖွဲ့အစည်းတခုက သထုံခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာမှာလည်း မတ် ၅ ရက်က ညီဖြစ်သူ ဦးမင်းမင်းကို သေနတ်သမားတွေက လာရောက်ပစ်ခတ်ခဲ့ပေမဲ့ မထိဘဲ လွတ်မြောက်သွားပြီး လေဖြတ်နေတဲ့ ဦးသင်းသင်းအောင်ကို ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၀ ရက်ကလည်း သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ မြတ်စံကြီးကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးရွှေလှဦးကို သေနတ်သမားတွေက လာရောက်ပစ်သတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013