DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင်မြန်မာ ၅၈ ဦး ထပ်မံဖမ်းဆီးခံရ 
DVB
·
March 22, 2024
ကန်ကျနပူရီတွင် တရားမဝင်မြန်မာ ၅၈ ဦး ထပ်မံဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင်မြန်မာအလုပ်သမားတွေ မကြာခဏ ဖမ်းဆီးခံနေရတာမှာ မတ် ၂၁ ရက်ကလည်း ၅၈ ဦး ထပ်မံဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 

နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ရွာသားတွေက ကြိုတင် သတင်းပေးလာတဲ့အတွက် ကန်ကျနပူရီခရိုင် ထောင်းန်ဖာဖုမ်းမြို့နယ် အုပ်ချုပ်ရေးရုံးမှ တာ ဝန်ရှိသူ၊  ထာ့ခနွန်ရွာသူကြီး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်စပ်လမ်းတလျှောက် ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ 

ထားခနွန်အုပ်စု ဘန့်ထာ့ဖဲကျေးရွာအနီး တောလမ်းမှာ လူခြေရာတွေ အများအပြားတွေ့ရှိတာ ကြောင့် ခြေရာနောက်လိုက်လံရှာဖွေရာမှာ မနက် ၆ နာရီလောက်မှာတော့ တောအုပ်ထဲ ပုန်းအောင်းနေတဲ့ တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၅၈ ဦးကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။ 

သူတို့ဟာ ထိုင်းနိုင်ငံထဲမှာ အလုပ်လာရှာဖို့ ခြေလျင်လျှောက်ဝင်လာကြောင်း၊ လာကြိုမယ့်ကားကို  ရှာဖွေဆက်သွယ်စဉ် အဖမ်းခံရတာဖြစ်တယ်၊ ပွဲစားကို တဦးလျှင် ဘတ် ၁၅,၀၀၀ မှ ၂၅,၀၀၀ ထိ ပေးရတယ်လို့ အဖမ်းခံရသူတွေက ပြောပါတယ်။ 

သူတို့အားလုံးကို လဝက ဥပဒေနဲ့အရေးယူဖို့  ထောင်းန်ဖာဖုမ်းနယ်မြေရဲစခန်းကို ပို့ဆောင် ထားတယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ 

ကန်ကျနပူရီခရိုင်မှာ မြန်မာနိုင်ငံ မွန်ပြည်နယ်တဘက်ခြမ်းမှာရှိပြီး တရားမဝင်မြန်မာတွေ မကြာ ခဏဖမ်းဆီးခံနေရတာမှာ လက်လှမ်းမီတဲ့ သတင်းတွေအရ ဒီမတ်လထဲမှာ အဖမ်းခံရသူပေါင်း ၂၀၀ နီးပါး ရှိပါတယ်။ (၃ ရက်နေ့မှာ ၉၂ ဦး၊ ၅ ရက်နေ့မှာ ၁၂ ဦး၊ ၁၂ ရက်နေ့မှာ ၁၃ ဦး၊ ၁၃ ရက်နေ့မှာ ၂၂ ဦး ၂၁ ရက်နေ့မှာ ၅၈ ဦး စုစုပေါင်း ၁၉၇ ဦး) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013