DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် သုံးပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် ပြည်သူအယောက် ၄၀ သေဆုံး
DVB
·
March 21, 2024
စစ်ကိုင်းတိုင်းတွင် သုံးပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် ပြည်သူအယောက် ၄၀ သေဆုံး
Donate to DVB

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ မတ် ၁ ရက်ကနေ ဒီကနေ့အထိ သီတင်းသုံးပတ်အတွင်း အကြမ်းဖက် စစ်အုပ်စုကြောင့် ပြည်သူအယောက် ၄၀ သေဆုံးပြီး ၁၄ ယောက်ကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

မတ် ၂၀ ရက်ကလည်း မနက် ၆ နာရီကျော်လောက်ကနေ စတင်ပြီးတော့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ရာ ကလေးမြို့နယ်၊ ပျဉ်းခုံကြီးကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ထရမ်နေထန်း၊ ကောလ်တင်ခမ်မ်နဲ့ ဇာစန်မှုန်းတို့ကို ကျည်စထိမှန်ကာ နေရာတင် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်တပ် အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၄,၇၆၀ နီးပါးထိ ရှိလာခဲ့ပြီလို့ AAPP က ပြောပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၃၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၈၄၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၃ ယောက်ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၁၃၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013