DVB Logo
Home
နိုင်ငံတကာ
ဂါဇာ အပစ်ရပ်ရေး ကမ်းလှမ်းချက် အစ္စရေး တုံ့ပြန်မှု အနုတ်လက္ခဏာဆောင်ဟု ဟားမတ်စ် ပြော
DVB
·
March 21, 2024
ဂါဇာ အပစ်ရပ်ရေး ကမ်းလှမ်းချက် အစ္စရေး တုံ့ပြန်မှု အနုတ်လက္ခဏာဆောင်ဟု ဟားမတ်စ် ပြော
Donate to DVB

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို စေ့စပ်ညှိနှိုင်းရေးမှူးတွေက လွှဲပေးထားပြီးနောက်မှာ အစ္စရေးရဲ့တုံ့ပြန်မှုဟာ အနုတ်လက္ခဏာဆောင်ကြောင်း ဟားမတ်စ် အကြီးတန်းအရာရှိ အိုဆာမာ ဟမ်ဒန်က မတ် ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ တိုက်ပွဲတွေရပ်တန့်ဖို့နဲ့ ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ အလဲအလှယ်အနေနဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ညှိနှိုင်းဖို့ ပျက်ကွက်မှုအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ သူ့အစိုးရတို့မှာ တာဝန်ရှိကြောင်းလည်း အိုစမာဟမ်ဒန်က ဘေရွတ်ရှိ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“မတ်လ ၁၄ ရက် ကြာသပတေးနေ့ ညနေက ဖျန်ဖြေပေးသူတွေကနေ တင်သွင်းခဲ့တဲ့ အဆိုပြုချက်အပေါ် မတ်လ ၁၉ ရက် အင်္ဂါနေ့မှာတော့ သူတို့ရဲ့တုံ့ပြန်မှုဟာ ယေဘုယျအားဖြင့် အဆိုးမြင်ပြီး ကျနော်တို့ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့ရဲ့ တောင်းဆိုချက်တွေ မတုံ့ပြန်ပါဘူး” လို့ ဟမ်ဒန်က ပြောပါတယ်။

တကယ်တော့ ဖျန်ဖြေသူတွေဆီ ပေးခဲ့ဖူးတဲ့ အတည်ပြုချက်တွေကို သူတို့က ပြန်ရုပ်သိမ်းပြီးတော့ အဲဒါတွေကို သူတို့ဆီကနေတဆင့် ဟားမတ်စ်ဘက်ကို ပြန်လွှဲပြောင်းပေးခဲ့တာလို့လည်း ဆိုပါတယ်။

ကာတာမှာ အခုသီတင်းပတ်အတွင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပြန်လည်စတင်နေပြီ ဖြစ်ပေမဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား သဘောတူညီချက် ရရှိဖို့ ရက်သတ္တပတ်တွေချီ စေ့စပ်ညှိနှိုင်းမှုတွေက ခုထိ မအောင်မြင်သေးပါဘူး။

ဝါရှင်တန်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို သက်သာရာရစေမယ်လို့လည်း မျှော်လင့်ထားပါတယ်။

Source/Photo-REUTERS/Dawoud Abu Alkas

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013