DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲတွင် ပရာဘိုဝို အနိုင်ရဟု တရားဝင် ကြေညာ
DVB
·
March 21, 2024
အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲတွင် ပရာဘိုဝို အနိုင်ရဟု တရားဝင် ကြေညာ
Donate to DVB

အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုဟာ ဖေဖော်ဝါရီ ၁၄ ရက် သမ္မတ ရွေးကောက်ပွဲမှာ စုစုပေါင်း မဲ ၆၀ ရာခိုင်နှုန်းနီးပါးရပြီး အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က မတ် ၂၀ ရက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။

သုံးကြိမ်တိုင်တိုင် သမ္မတလောင်းဖြစ်ခဲ့တဲ့ ပရာဘိုဝိုက မဲ ၂၅ ရာခိုင်နှုန်းနဲ့ ၁၆ ရာခိုင်နှုန်း အသီးသီးရခဲ့တဲ့ ပြိုင်ဘက် အေးနီဘတ်စ်ဝေးဒန်နဲ့ ဂန်ဂျာ ပရာဝိုနိုတို့ကို နိုင်ခဲ့တာလို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့လက တသီးပုဂ္ဂလ လူထုသဘောထားစစ်တမ်း ကောက်သူတွေက ထုတ်ပြန်တဲ့ တရားဝင်မဟုတ်တဲ့ ရလဒ်တွေကို အတည်ပြုခဲ့တာပါ။

ပရာဘိုဝိုဟာ အောက်တိုဘာလမှာ ရာထူးကနေ နုတ်ထွက်မယ့် သမ္မတ ဂျိုကိုဝီဒိုဒို ဆီကနေ ရာထူးလွှဲပြောင်းရယူဖို့ မျှော်လင့်ထားပါတယ်။

အထူးတပ်ဖွဲ့မှူးဟောင်း ပရာဘိုဝိုဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ကြီးမားတဲ့ လူငယ်မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကိုရဖို့ သူတို့အခြေစိုက်ရာ TikTok ဆိုရှယ်မီဒီယာကို အသုံးပြု မဲဆွယ်ခဲ့တာပါ။

လက်ရှိသမ္မတရဲ့ ရေပန်းစားမှုကို စီးမျောရင်း သက်တမ်းနှစ်ဆက်ကို ထမ်းဆောင်နေတဲ့ ဂျိုကိုဝီရဲ့ လက်ရှိအလုပ်တွေကို ဆက်လုပ်သွားမယ်ဆိုတဲ့ ကတိတွေနဲ့ ရွေးကောက်ပွဲမှာ နိုင်သွားတာလို့ မီဒီယာတွေက သုံးသပ်ပါတယ်။

ပရာဘိုဝိုရဲ့ အောင်ပွဲဆီသွားရာလမ်းဟာ အငြင်းပွားမှုတွေ၊ စိုးရိမ်မှုတွေ စွန်းထင်းနေတာပါ။ ပြိုင်ဘက်ဟောင်းကို မျက်နှာသာပေးဖို့ သူ့ရာထူးကို အလွဲသုံးစားလုပ်တယ်လို့ ဂျိုကိုဝီကို ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံထားရသလို သမ္မတရဲ့ မဟာမိတ်တွေက အခွင့်အရေးပေး မွေးစားတဲ့ နိုင်ငံရေး ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ဂျိုကိုဝီရဲ့ အသက် ၃၆ နှစ်အရွယ် သားဖြစ်သူဟာ ပရာဘိုဝိုနဲ့ အပြေးလေ့ကျင့်ဖော်ဖြစ်ပြီး သမ္မတရဲ့ ခဲအိုဖြစ်သူ ဦးဆောင်တဲ့ တရားရုံးက အရည်အချင်းပြည့်မီမှုဆိုင်ရာ စည်းမျဉ်းတွေကို နောက်ဆုံးမိနစ်မှာ ပြောင်းခဲ့ပြီး ဂျိုကိုဝီရဲ့သားက ဒုတိယသမ္မတ ဖြစ်လာဖို့ စီစဉ်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးပါတီ PDI-P က အဲဒီနေ့မှာကျင်းပတဲ့ ဥပဒေပြုရွေးကောက်ပွဲမှာ မဲအများဆုံးရခဲ့ပြီး ဂိုကာလ်ပါတီနဲ့ ပရာဘိုဝိုရဲ့ ဂရင်ဒြာပါတီတို့က တတိယနေရာမှာ ရပ်တည်ခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013