DVB Logo
Home
မြန်မာသတင်း
ပင်လောင်းတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က လမ်းပိတ်ထားသဖြင့် ဒေသခံများ ပိတ်မိနေ
DVB
·
March 21, 2024
ပင်လောင်းတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က လမ်းပိတ်ထားသဖြင့် ဒေသခံများ ပိတ်မိနေ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် ဆောင်းပြောင်းကျေးရွာမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီက လမ်းပိတ်ထားတဲ့အတွက် ဒေသခံတွေ ထွက်မရဘဲ အများအပြား ပိတ်မိနေပါတယ်။

မတ် ၂၀ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေ တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

ဆောင်းပြောင်းအနောက်ရွာနေ အမျိုးသမီးတဦးက “အရင်နေ့တွေထက် ဆိုးတယ်၊ ဒုန်းဒိုင်းဆို ရုတ်တရက်ထဖြစ်တော့ အဝင်အထွက်လည်း ပိတ်ထားတာ။ လေယာဉ်နဲ့လည်း တနေကုန် လာဝဲတယ်။ လိုင်းကလည်း အခြေအနေ အရမ်းဆိုးတာ။ အခု ရွာသားတွေက ပင်လောင်းဘက်ကို တက်လို့မရဘူး၊ ဘုရားတောင်မှာ အများစုသွားကြတာ” လို့ ပြောပါတယ်။

ဆောင်းပြောင်းမှာ အနောက်ရွာ၊ မြောက်ရွာ၊ ဒုံတန်၊ လဲင်းဗွာလ ဆိုပြီး လေးရွာရှိပါတယ်။ လူဦးရေ ၁,၀၀၀ ကျော်ရှိပြီး အခုအချိန်မှာ ဘုရားတောင်၊ လဲင်းဗွာလကျေးရွာရဲ့ တောတောင်ဘက်မှာ သွားရောက်စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။

မထွက်ပြေးနိုင်တဲ့ သက်ကြီးရွယ်အို၊ ကျန်းမာရေးမကောင်းသူတွေက ရွာထဲမှာ ကျန်နေသေးတယ်လို့ သိရပါတယ်။

ဆောင်းပြောင်း မြောက်ရွာဒေသခံတဦးက “အဖေတို့ အခုထိ ထွက်လာလို့မရသေးဘူး။ တိုက်ပွဲလည်း အရမ်းဖြစ်နေတာ၊ မနက်က နှစ်ဖက်စလုံး ပစ်နေကြတာ။ ဒီဘက်မှာ လက်နက်ကြီးတွေဆင်ပြီး ပစ်နေတယ်” လို့ ပြောပါတယ်။

ပင်လောင်းမြို့အနီးမှာရှိတဲ့ ဆောင်းပြောင်းရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်တွေက မတ် ၁၈ ရက်မှာ သိမ်းပိုက်ရရှိထားပါတယ်။

ပြည်သူတွေကို နောင်ဝိုး၊ နမ့်ဖာမူ၊ ဗန်းမောဝ်၊ ဆောင်းပြောင်း၊ ပီကင်း စတဲ့ ကုန်းလမ်းနဲ့ ရေလမ်းတွေကို အသုံးပြုသွားလာတာတွေ မလုပ်ကြဖို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013