DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် မဲနှိုက်သည့်ကိစ္စ အုပ်ချုပ်ရေးနှင့် ရပ်ကွက်နေပြည်သူများ စကားအချေအတင်ဖြစ်
DVB
·
March 21, 2024
မြိတ်မြို့တွင် မဲနှိုက်သည့်ကိစ္စ အုပ်ချုပ်ရေးနှင့် ရပ်ကွက်နေပြည်သူများ စကားအချေအတင်ဖြစ်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ထားဝယ်စုရပ်ကွက်မှာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့က မဲစာရင်းမှာပါတဲ့ အိမ်တွေကိုသာ သီးသန့်ရွေးပြီး မဲနှိုက်ဖို့ လာပြောတာကြောင့် ရပ်ကွက်နေ ပြည်သူတွေနဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ကြား စကားအချေအတင် ဖြစ်ကြတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

ရပ်ကွက်ထဲက အသက်ပြည့်တဲ့နေအိမ်တိုင်း မဲနှိုက်ဖို့ စာရင်းမှာ ပါဝင်တာမျိုး မဟုတ်ဘဲ ၂၄ အိမ်သာ မဲနှိုက်ဖို့စာရင်းမှာ သီးသန့်ထည့်သွင်းထားတာကြောင့် ဆိုပြီးတော့ မဲစာရင်းမှာပါတဲ့ နေအိမ်တွေနဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ကြား စကားအချေအတင် ဖြစ်ခဲ့ကြတာလို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

ရပ်ကွက်နေအမျိုးသားတဦးက “ကင်းချောင်းဘက်မှာ ၁၉ ရက်နေ့ ညက သူတို့စာရွက်မှာ လူနာမည်နဲ့ လာပြီး လက်မှတ်လိုက်ထိုးခိုင်းတာ။ ရပ်ကွက်က သဘောမတူဘူးလေ။ အဲဒါကြောင့် အသက် ၁၈ ကနေ ၃၅ ပြည့်တဲ့လူတိုင်း မဲဆွဲဆို ဆွဲပေးမယ်တဲ့။ အဲဒီလို သီးသန့်လာခေါ်ပြီး မဲဆွဲတာကတော့ သဘောမတူဘူးဆိုပြီး ဝိုင်းပြောလိုက်ကြတယ်။ သီးသန့် လာခေါ်ပြီး ထိုးခိုင်းလို့ ပြဿနာဖြစ်သွားတာ” လို့ ပြောပါတယ်။

မဲစာရင်းမှာပါတဲ့ နေအိမ်တွေကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အိမ်တွေမှာ လာရောက် လက်မှတ်လာထိုးခိုင်းခဲ့တာ ဖြစ်တယ်လို့ သိရပြီး သဘောမတူတဲ့ နေအိမ်အများစုက လက်မှတ်မထိုးပေးခဲ့ကြဘူးလို့ ပြောပါတယ်။

“ကင်းချောင်းမှာ တချို့အိမ်တွေက ထိုးပေးတယ်။ တချို့ကျတော့ မထိုးပေးတော့ ဂယက်ဖြစ်သွားတာပေါ့။ မထိုး‌ပေးလို့ ပြဿနာတွေတော့ မရှာပါဘူး။ အိမ်နားက နှစ်အိမ်တော့ လက်မှတ်ထိုးလိုက်ရတယ်” လို့ သူက ဆက်ပြောပါတယ်။

မြိတ်မြို့ထဲရှိ တခြားရပ်ကွက်တွေထဲမှာလည်း အသက်ပြည့်တဲ့ နေအိမ်တိုင်း မဲနှိုက်ရတာမျိုး မဟုတ်ဘဲ မဲစာရင်းမှာပါတဲ့ နေအိမ်တွေသာ ရွေးချယ်မဲနှိုက်ရတာ ဖြစ်တယ်လို့ သိရပြီး ရပ်ကွက်တခုမှာ လူနှစ်ဦးလောက်သာ မဲပေါက်ကြတာလို့ သိရပါတယ်။

အဲဒီမတိုင်ခင် ရက်ပိုင်းလောက်ကလည်း မြိတ်မြို့ တပ်ပြင်ရပ်ကွက်မှာ မဲနှိုက်ဖို့လာတဲ့ ရပ်ကွက်နေ ပြည်သူတွေနဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးအဖွဲ့တို့ကြား စကားအချေအတင် များခဲ့ကြပြီးနောက် မဲနှိုက်တဲ့အစီအစဥ် ပျက်ခဲ့ရတယ်လို့လည်း မြို့ခံပြည်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013