DVB Logo
Home
အားကစား
အင်္ဂလန် ဖလားမရတာ ဘယ်လောက်ကြာပြီလဲဟု ဘရာဇီးကွင်းလယ်လူ ပါရဲယား မေးခွန်းထုတ်
DVB
·
March 21, 2024
အင်္ဂလန် ဖလားမရတာ ဘယ်လောက်ကြာပြီလဲဟု ဘရာဇီးကွင်းလယ်လူ ပါရဲယား မေးခွန်းထုတ်
Donate to DVB

အင်္ဂလန်လက်ရွေးစင်အသင်းအနေနဲ့ ချန်ပီယံဆုဖလားမရတာ ဘယ်လောက်ကြာနေပြီလဲလို့ ဘရာဇီး ကွင်းလယ်လူ ပါရဲယားက မေးခွန်းထုတ်သွားပါတယ်။

ဖူဟမ်ကွင်းလယ်ကစားသမားဟာ နိုင်ငံတာကာ ပွဲစဉ်တွေအတွက် ဘရာဇီးလက်ရွေးစင်အသင်း လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့တာပါ။

လာမယ့် မတ်လ ၂၄ ရက်မှာ အင်္ဂလန်အသင်းနဲ့ ဝင်ဘလေမှာ ခြေစမ်းမယ့် ပွဲစဉ်မတိုင်ခင် အင်္ဂလန်အသင်းရဲ့ အောင်မြင်မှုအပေါ် မေးခွန်းထုတ်သွားခဲ့တာပါ။

ဘရာဇီးနဲ့အင်္ဂလန်ကြားမှာ ကွာဟချက်တချို့ရှိပေမဲ့ ဘရာဇီးအသင်းက အမြဲတမ်း ထိပ်တန်းအသင်းနဲ့ ထိပ်တန်းကစားသမားတွေရှိနေတဲ့ အသင်းဖြစ်ကြောင်း၊ ဘရာဇီးအသင်း နောက်ဆုံးကမ္ဘာ့ဖလား ရယူခဲ့တာက အင်္ဂလန်အသင်းလောက် ကြာမြင့်ခြင်းမရှိသေးကြောင်း ပါရဲယားက ပြောပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်မှာ ကစားနေတဲ့သူ့အတွက် ထိပ်တန်းအဆင့်ရှိတဲ့ ကစားသမားတွေလည်း အများကြီးရှိတဲ့ အင်္ဂလန်အသင်းကို လေးစားကြောင်းလည်း ဖူဟမ်ကွင်းလယ်လူ ပါရဲယားက ပြောသွားပါတယ်။ 

Photo-REUTERS/Sergio Moraes

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013