DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲအတွင်း အကြိုအပို့လုပ်ပေးရန် ပင်လောင်းမြို့ခံများကို PNA အမိန့်ပေး
DVB
·
March 20, 2024
တိုက်ပွဲအတွင်း အကြိုအပို့လုပ်ပေးရန် ပင်လောင်းမြို့ခံများကို PNA အမိန့်ပေး
Donate to DVB

တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့မှာ ကားရှိတဲ့ ဒေသခံတွေအား စစ်သားတွေကို အကြိုအပို့လုပ်ပေးဖို့ ပအိုဝ်းပြည်သူ့စစ် (PNA) က အမိန့်ပေးထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

PNA ပြည်သူ့စစ် တပ်သားတွေ လိုရာခရီး သွားနိုင်ဖို့အတွက် ကားရှိတဲ့ ဒေသခံတွေက အလှည့်ကျစနစ်နဲ့ အကြိုအပို့ ပြုလုပ်ပေးရမယ်လို့ မတ် ၁၉ ရက်မှာ အစည်းအဝေးခေါ်ယူပြီး ပြောဆိုထားတယ်လို့ သိရပါတယ်။

ပင်လောင်းမြို့ခံ အမျိုးသားတဦးက “ကိုယ့်ကားနဲ့ကိုယ် မောင်းပို့ရမှာ။ ကားမရှိရင် သူများကားကို မောင်းပြီးပို့ပေးရမှာ။ ကားငှားတာလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်၊ ကားတခုခုဖြစ်ရင်လည်း ကိုယ်ပဲ တာဝန်ယူရမှာတဲ့၊ မြို့ပေါ်မှာ အဲ့လိုအမိန့်ပေးထားတယ်။ အလှည့်ကျတဲ့ရွာသားက အဲ့နေ့မှာ သူတို့ဆီသွားရမှာ၊ တိုက်ပွဲတွေဆီလည်း ဖြစ်နိုင်တယ်၊ ရှေ့တန်းကိုသွားတာလည်း ဖြစ်နိုင်တယ်။ ရပ်ရွာလုံခြုံရေးအတွက် ဦးစားပေးလုပ်ဖို့ပြောတယ်” လို့ ပြောပါတယ်။

ပင်လောင်းမြို့ပေါ်ရှိ ရပ်ကွက်စုစုပေါင်း ၁၀ ရပ်ကွက်ရှိတဲ့အနက် တရပ်ကွက်မှာ ပျမ်းမျှ အိမ်ထောင်စု ၂၀၀ အထက်ရှိပြီး ရင်းမှီးဘက်မှာတော့ အိမ်ထောင်စု ၇၀၀ ကျော်ရှိပါတယ်။

ရင်းမှီးရပ်ကွက်နေသူတဦးက “အစည်းအဝေးထဲမှာတော့ သွားမယ့်အချိန်တွေ၊ တရပ်ကွက်ကို ကားဘယ်နှစီး စီစဉ်ပေးရမယ် ဆိုတာကို အသေးစိတ် မပြောသွားဘူး။ ကိုယ့်အလှည့်ကျလို့ သူများကို နေ့စားနဲ့ ခိုင်းရင်လည်း တခုခုဖြစ်ခဲ့ရင် သူ့အတွက်လည်း မကောင်းဘူး၊ ကိုယ်လည်း တာဝန်ယူရမှာ” လို့ ပြောပါတယ်။

လက်ရှိမှာ ပင်လောင်းမြို့ပေါ် ရပ်ကွက်ရှိ ကားရှိတဲ့အိမ်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကားပိုင်ရှင်နာမည်နှင့်တကွ စာရင်းလိုက်လံကောက်ခံနေပြီး သွားရမယ့်အချိန်ကျပါက နာမည်နဲ့ ပြန်လည်ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ကားတွေခေါ်ယူတဲ့အပြင် ပင်လောင်းမြို့ပေါ် ရပ်ကွက်တွေမှာလည်း စစ်အသုံးစရိတ်အတွက် ဆိုပြီး တအိမ် ၆၀,၀၀၀ ကျပ်နဲ့ ပိုင်ဆိုင်မှုအမျိုးအစားအလိုက် ၁၀၀,၀၀၀ ကနေ ၁,၀၀၀,၀၀၀ အထိ ကောက်ခံနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013