DVB Logo
Home
နိုင်ငံတကာ
လေကြောင်းကာကွယ်ရေး အားကောင်းရန် လိုအပ်ဟု  သမ္မတ ဇလန်းစကီးပြော
DVB
·
March 20, 2024
လေကြောင်းကာကွယ်ရေး အားကောင်းရန် လိုအပ်ဟု  သမ္မတ ဇလန်းစကီးပြော
Donate to DVB

ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဆွန်မီဒေသကို ရုရှားရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်နိုင်ရေး ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေး အားကောင်းဖို့လိုအပ်တယ်လို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မတ် ၁၉ ရက်မှာ ပြောပါတယ်။

ရုရှားစစ်တပ်က နယ်စပ်ရွာတွေကို မီးရှို့ဖို့ ကြိုးစားနေတာဖြစ်ပြီး ဆူမီဒေသတခုတည်းရှိ အသိုက်အဝန်းတွေပေါ်ကို ပဲ့ထိန်းဗုံး အလုံး ၂၀၀ နီးပါး ကြဲချခဲ့ပြီးဖြစ်ကြောင်း ဇလန်းစကီးက သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။

မြို့တွေ၊ ရွာတွေနဲ့ မြို့ပြအခြေခံအဆောက်အအုံတွေပေါ်ကို ရှင်းရှင်းလင်းလင်း ဗုံးတွေကြဲချခဲ့တာပါ။

ရုရှားနယ်မြေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဆူမီဒေသကို ဖောက်ခွဲရေး ကင်းထောက်အဖွဲ့တွေ စေလွှတ်ဖို့ ရုရှားက အဆက်မပြတ် ကြိုးပမ်းနေပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေကိုလည်း အဆက်မပြတ် လုပ်ဆောင်နေတာလို့လည်း ဆိုပါတယ်။

ဒီအကြမ်းဖက်မှုကို မဖြစ်နိုင်အောင် ယူကရိန်းအတွက် သိသာထင်ရှားတဲ့ လိုအပ်ချက်တခု ဖြစ်တဲ့ လေကြောင်းရန်ကာကွယ်ရေးကို အားကောင်းအောင်လုပ်ဖို့ပဲ ရှိတယ်လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။

အရေးကြီးတဲ့ အမြောက်တပ်တွေ အပါအဝင် ကာကွယ်ရေး ပက်ကေ့ခ်ျအသစ်တွေ ရှိလာမှာဖြစ်ပြီး နိုင်ငံအသစ်တွေလည်း ချက်ဇ် ခဲယမ်းများဝယ်ယူရေး အစီအစဉ်မှာ ပါဝင်လာကြောင်းနဲ့ သေချာတာကတော့ လေကြောင်းရန်ကာကွယ်ရေး၊ EW နဲ့ ဒရုန်းတွေက ဦးစားပေးဖြစ်တယ်ဆိုတာ မပြောင်းလဲဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် အမြောက်နဲ့ သံချပ်ကာယာဉ်တွေ အပါအဝင် ကာကွယ်ရေးပစ္စည်းတွေကို ပိုမိုပံ့ပိုးပေးတဲ့အတွက် အမေရိကန်နဲ့ ဂျာမနီကိုလည်း ကျေးဇူးတင်ကြောင်း ဇလန်းစကီးရဲ့ မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။

Source/Photo-REUTERS/Valentyn Ogirenko

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013