DVB Logo
Home
အားကစား
ဘရန့်ဖို့ဒ်နှင့်ပွဲစဉ်တွင် ခိုင်ဟာဗက်ဇ် ထုတ်ပယ်ခံရသင့်ဟု ဒိုင်လူကြီးအဖွဲ့ မှတ်ချက်ပေး
DVB
·
March 20, 2024
ဘရန့်ဖို့ဒ်နှင့်ပွဲစဉ်တွင် ခိုင်ဟာဗက်ဇ် ထုတ်ပယ်ခံရသင့်ဟု ဒိုင်လူကြီးအဖွဲ့ မှတ်ချက်ပေး
Donate to DVB

 

ဘရန့်ဖို့ဒ်အသင်းနဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူး ခိုင်ဟာဗက်ဇ် ထုတ်ပယ်ခံရသင့်တယ်လို့ ဒိုင်လူကြီးအဖွဲ့က မှတ်ချက်ပေးသွားပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြီးမှာ ဒိုင်နဲ့ VAR ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ ပြန်လည် ဆွေးနွေးသုံးသပ်ပြီး ဒိုင်လူကြီးအဖွဲ့က ထုတ်ပြန်လေ့ ရှိပါတယ်။

ခိုင်ဟာဗက်ဇ်ဟာ ဘရန့်ဖို့ဒ်နောက်ခံလူ ကောလင်းနဲ့ ရင်ဆိုင်အတွေ့မှာ ထိတွေ့မှု မဖြစ်ခင်ကတည်းက ဟန်ဆောင်လှဲချခဲ့တာကြောင့် အဝါကတ်ပြသရမှာဖြစ်ပြီး အစောပိုင်းပွဲချိန်မှာ ပြသခံထားရတဲ့ အဝါကတ် တကြိမ်လည်း ရှိတာကြောင့် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ကွင်းလယ်ဒိုင် ရော့ဘ်ဂျုံးစ်ကိုလည်း  ဘရန့်ဖို့ဒ်ကစားသမားတွေက ပွဲချိန်အတွင်းမှာကော၊ ပွဲအပြီးမှာပါ စောဒကတက်ခဲ့ကြပါသေးတယ်။

ခိုင်ဟာဗက်ဇ်ဟာ အဲဒီဖြစ်ရပ်မှာ အရေးယူခြင်းမခံရဘဲ ပွဲချိန် ၈၆ မိနစ်မှာ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013