DVB Logo
Home
မြန်မာသတင်း
အိမ်မဲမြို့နယ်တွင် ၁၇ နှစ်အရွယ် အမျိုးသားများကို စစ်မှုထမ်းရန်ခေါ်နေ
DVB
·
March 19, 2024
အိမ်မဲမြို့နယ်တွင် ၁၇ နှစ်အရွယ် အမျိုးသားများကို စစ်မှုထမ်းရန်ခေါ်နေ
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ဥပဒေအရ သတ်မှတ်အသက်ထဲမှာ မပါတဲ့ လူငယ် အမျိုးသားတွေကို စစ်မှုထမ်း မဲနှိုက်ဖို့ စာရင်းထည့် ခေါ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အိမ်မဲမြို့နယ်မှာ မတ် ၁၅ ရက်ကစပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက အသက် ၁၇ နှစ်အရွယ် အမျိုးသား လူငယ်တွေကို ကျေးရွာတရွာကို ငါးယောက်နှုန်းနဲ့ စစ်မှုထမ်းဖို့ စာရင်းယူကာ မဲနှိုက်ဖို့ ခေါ်ယူသွားတာလို့ ဒေသခံတွေက ဆိုပါတယ်။

အိမ်မဲဒေသခံတဦးက “စစ်ကောင်စီက ခိုင်းတာဆိုပြီး အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့ မဲနှိုက်ဖို့ တရွာ ငါးယောက်စီ စာရင်းယူပြီး လူကိုခေါ်တာ။ သူတို့ခေါ်တဲ့သူတွေက အသက် ၁၇ နှစ်အောက် လူငယ်တွေချည်းပဲ။ တချို့က ဥပဒေကို နားလည်လို့ ပြောတယ် မရဘူးလေ။ တချို့ကတော့ ကြောက်လို့ ပြောကိုမပြောတော့တာ” လို့ ပြောပါတယ်။

အခုလို အိမ်မဲမြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်ယူနေတာကြောင့် မိဘအုပ်ထိန်းသူတွေအနေနဲ့ စိုးရိမ်စိတ်ပူကာ မိခင်တွေအနေနဲ့ သတိလစ် ဆေးရုံတက်ရတဲ့အထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“စစ်မှုထမ်းဖို့ မဲနှိုက်ရမယ်ဆိုပြီး ခေါ်တာ။ ၁၇ နှစ်ကျောင်းသား ကောင်လေးရဲ့ မိခင်ဆို သတိလစ်တဲ့အထိ ဖြစ်လို့ အခု ဆေးရုံမှာ အခုတက်နေရတယ်တဲ့။ ကြောက်လန့် စိုးရိမ်နေတဲ့ မိဘတွေလည်း မနည်းတော့ဘူး” လို့ အိမ်မဲဒေသခံက ဆက်ပြောပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ မတ်လ ပထမအပတ်က စပြီး စစ်ကောင်စီတပ်သားအဖြစ် တာဝန်ထမ်းဆောင်ဖို့ စစ်သားစုဆောင်းနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ကန်ကြီးထောင့်နဲ့ ဖျာပုံမြို့နယ်မှာ စစ်မှုထမ်းဖို့ လူငယ်တွေကို မဲနှိုက်ခိုင်းလို့ မဲပေါက်တဲ့ လူငယ်နှစ်ဦး မတ် ၁၇ ရက်က အဆိပ်သောက် အဆုံးစီရင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013