DVB Logo
Home
နိုင်ငံတကာ
ဟောလိဝုဒ် စိတ္တဇလျှို့ဝှက်သည်းဖိုရုပ်ရှင်-Immaculate အထူးပွဲပြသ(ဓာတ်ပုံ)
DVB
·
March 19, 2024
ဟောလိဝုဒ် စိတ္တဇလျှို့ဝှက်သည်းဖိုရုပ်ရှင်-Immaculate အထူးပွဲပြသ(ဓာတ်ပုံ)
1 / 6
Donate to DVB

သွေးပျက်ထိတ်လန့်စရာ ရိုက်ချက်တွေနဲ့ ရှုစားကြရမယ့် ဟောလိဝုဒ်  စိတ္တဇလျှို့ဝှက် သည်းဖို ရုပ်ရှင်-Immaculate  ကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ ပြီးခဲ့တဲ့ မတ် ၁၅ ရက်က အထူးပွဲပြသခဲ့ပါတယ်။

ဒီပွဲကိုတော့ ရုပ်ရှင်ကားရဲ့ အဓိက သရုပ်ဆောင်မင်းသမီး ဆစ်ဒနီ ဆွမ်နေ၊ စပိန်သရုပ် ဆောင်မင်းသား အယ်လ်ဗာရို မော်တေး၊ အီတလီသရုပ်ဆောင်မင်းသမီး ဘန်နက်ဒက်တာ ပေါ်ကာရိုလီ တို့နဲ့အတူ ဒါရိုက်တာ၊ အနုပညာရှင်တွေ အများအပြား တက်ရောက်ခဲ့ကြတာပါ။

Neon ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိမယ့် Immaculate ရုပ်ရှင်ကိုတော့ ဒါရိုက်တာ မိုက် ကယ်မိုဟန်က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး အခုလာမယ့် မတ် ၂၂ ရက်မှာ ရုံတင်ပြ သသွားမယ်လို့ သိရပါတယ်။

ကြာမြင့်ချိန် ၈၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြား ရေပန်းစားနေပြီး IMDb မှာတော့ Rating 5.7 အထိ ရရှိထားပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013