DVB Logo
Home
မြန်မာသတင်း
Non CDM ဝန်ထမ်းများကို ဖမ်းဆီးအရေးယူမည်ဟု ရေစကြို ပအဖ သတိပေး
DVB
·
March 19, 2024
Non CDM ဝန်ထမ်းများကို ဖမ်းဆီးအရေးယူမည်ဟု ရေစကြို ပအဖ သတိပေး
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေကို ဖမ်းဆီးစစ်ဆေးပြီး အရေးယူမယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ရေစကြိုမြို့နယ်မှာ ပြည်သူထံ အလင်းဝင်ရောက်လာခြင်းမရှိတဲ့ Non CDM ဝန်ထမ်းတွေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်နေသူတွေကို ရေစကြိုမြို့နယ် ရပ်ကွက်၊ ကျေးရွာတွေကနေ မတ် ၃၁ ရက် နောက်ဆုံးထား ထွက်ခွာသွားဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြို့နယ်ပြင်ပကို ထွက်ခွာသွားခြင်း မပြုသူတွေကို ညွှန်ကြားချက်နဲ့အညီ ဖမ်းဆီးစစ်ဆေးပြီး အရေးယူသွားမယ်လို့ မြို့နယ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။

မကွေးဖက်ဒရယ်ယူနစ်၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အလင်းဝင် Non CDM စီမံခန့်ခွဲမှု ကော်မတီက Non CDM တွေ အလင်းဝင်ရောက်ရေးအတွက် ဖေဖော်ဝါရီ ၁၅ ရက်အထိ အလင်းဝင်ရောက်လာတဲ့ Non CDM တွေကို လက်ခံပြီး ညွှန်ကြားချက်အတိုင်း စီစဉ်ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်က “အလင်းမဝင်တဲ့ Non CDM တွေကို ကျနော်တို့အနေနဲ့ မြို့နယ်ပြင်ပကို ထွက်ခွာဖို့ရာ တိုက်တွန်းမယ်။ မထွက်ခွာဘူး ဆိုရင်တော့ ဖမ်းဆီးအရေးယူတဲ့အပိုင်းကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဖမ်းဆီးပြီးတော့မှ ရုံးတင်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာပါ။ Non တွေက ဌာနအစုံပါပဲ။ အခုလောလောဆယ် မြို့နယ်ရဲ့ ၇၅ ရာခိုင်နှုန်းကို တော်လှန်ရေးအဖွဲ့တွေက စိုးမိုးထားနိုင်ပါတယ်။ ကျန်တဲ့ မြို့ပေါ်နဲ့ ပျူရွာတချို့မှာပဲ စကစနဲ့ ပျူတွေ ရှိပါသေးတယ်” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်အတွင်းမှာ ဌာနဆိုင်ရာအသီးသီးက Non CDM ဝန်ထမ်း ၅၇၉ ဦး ကျန်ရှိသေးတယ်လို့ မြို့နယ် ပအဖရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013