DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် အစုအပြုံလိုက် သေကျေတော့မည်ဟု သတိပေး
DVB
·
March 19, 2024
ဂါဇာတွင် စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် အစုအပြုံလိုက် သေကျေတော့မည်ဟု သတိပေး
Donate to DVB

ဂါဇာကမ်းမြောင် တချို့နေရာတွေမှာ စားနပ်ရိက္ခာ အလွန်အမင်း ပြတ်တောက်မှုဟာ အငတ်ဘေးဆိုက်တဲ့ ပမာဏထက် ကျော်လွန်သွားပြီဖြစ်လို့ ချက်ချင်းအပစ်ရပ်ပြီး စားနပ်ရိက္ခာ အလုံးအရင်းနဲ့ မပို့ပေးနိုင်ဘူးဆိုရင် အစုလိုက်အပြုံလိုက် သေကျေမဲ့ အခြေအနေ ရောက်ကုန်ပြီလို့ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု စောင့်ကြည့်ရေးအဖွဲ့က မတ် ၁၈ ရက်မှာ သတိပေးပါတယ်။

ဂါဇာမြောက်ပိုင်းမှာ လူဦးရေ ၇၀ ရာခိုင်နှုန်းလောက်ဟာ အဆိုးရွားဆုံးအဆင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ကုလအေဂျင်စီတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေကို အခြေခံပြီး စားနပ်ရိက္ခာဖူလုံမှု ပေါင်းစပ်အဆင့်သတ်မှတ်ရေးအဖွဲ့ (IPC) က ထုတ်ပြန်ပါတယ်။

ဒါဟာ အငတ်ဘေးဆိုက်ပြီလို့ မှတ်ယူနိုင်တဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းထက် သုံးဆကျော် ပိုများနေတာ ဖြစ်ပါတယ်။

အသေအပျောက်နှုန်းနဲ့ပတ်သက်လို့ လုံလောက်တဲ့ အချက်အလက် မရပေမဲ့ ခန့်မှန်းခြေအားဖြင့် အငတ်ဘေး၊ အာဟာရမပြည့်ဝမှုနဲ့ ရောဂါဘယတွေကြောင့် လူ ၁၀,၀၀၀ မှာ နှစ်ယောက်နှုန်း နေ့စဉ် သေဆုံးမယ်လို့ IPC က သုံးသပ်ပါတယ်။

ဂါဇာကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ လက်ရှိမှာ အာဟာရမပြည့်ဝမှုကြောင့် သေဆုံးသူ ကလေး လူကြီး စုစုပေါင်း ၂၇ ဦး ရှိသွားပြီလို့ သိရပါတယ်။

ဂါဇာလူဦးရေရဲ့ ထက်ဝက်လောက်ဟာ ကပ်ဘေးအဆင့် စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး လူ ၃၀၀,၀၀၀ လောက်ဟာ ငတ်သေမယ့်အဆင့် ရောက်နေပြီလို့ ဆိုပါတယ်။

ဥရောပ နိုင်ငံခြားရမူဝါဒ အကြီးအကဲ ဂျိုးဆက်ဖ်ဘော်ရဲလ်က “ဂါဇာမှာက အငတ်ဘေး ဆိုက်လုဆဲဆဲ မဟုတ်တော့ပါဘူး။ အငတ်ဘေးဆိုက်တဲ့ အခြေအနေ ရောက်သွားပါပြီ။ အငတ်ဘေးကို စစ်ရေးလက်နက်တခုအနေနဲ့ သုံးနေတာပါ။ အစ္စရေးဟာ အငတ်ဘေးဆိုက်အောင် လုပ်နေတာပါ” လို့ အတိအလင်း စွပ်စွဲထားပါတယ်။

Source/Photo-REUTERS/Mahmoud Issa

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013