DVB Logo
Home
မြန်မာသတင်း
မြန်မာကလေးသူငယ် ၆ သန်း လူသားချင်းစာနာမှု အကူအညီလိုအပ်နေ
DVB
·
March 19, 2024
မြန်မာကလေးသူငယ် ၆ သန်း လူသားချင်းစာနာမှု အကူအညီလိုအပ်နေ
Donate to DVB

စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်အကြာ မြန်မာကလေးသူငယ်ဦးရေ ၆ သန်းလောက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)က ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေဟာ ၂ ဒသမ ၇ သန်းကျော် ရှိလာပြီဖြစ်ကာ လူပေါင်း ၁၈ ဒသမ ၆ သန်းလောက် လူသားချင်းစာမှု အကူအညီတွေ အပ်နေတာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်ကထက် ၁၈ ဆ ပိုများလာတာလို့ ဆိုပါတယ်။

ကလေး ၂ ဒသမ ၁ သန်း အပါအဝင် လူဦးရေ ၃ ဒသမ ၁ သန်းကို အသက်ကယ် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ  ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၃ သန်း လိုအပ်နေတယ်လို့ UNICEF က ပန်ကြားထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်း ကာလဟာ ၃ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီ ဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေ အသီးသီးမှာ အဘက် ဘက်က ကျဆင်းယိုယွင်း နေခဲ့တာပါ။

ဒါပေမဲ့ စစ်တပ်က အရေးပေါ်ကာလ သက်တမ်းထပ်တိုးလိုက်ပြီး ဒီအခြေအနေအပေါ် ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေက ပြင်းထန်စွာ စိုးရိမ်ပူပန်မိတယ်လို့ အသီးသီး ထုတ်ပြန်ထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013