DVB Logo
Home
မြန်မာသတင်း
တာချီလိတ် အွန်လိုင်းလောင်းကစားရုံ၌ ဖမ်းမိသူများကို စစ်မှုထမ်းခိုင်းရန် ပြန်လွှတ်ပေး
DVB
·
March 18, 2024
တာချီလိတ် အွန်လိုင်းလောင်းကစားရုံ၌ ဖမ်းမိသူများကို စစ်မှုထမ်းခိုင်းရန် ပြန်လွှတ်ပေး
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း က ရပ်ကွက် 1G1 ဟိုတယ်အနီး အွန်လိုင်းလောင်းကစားရုံမှာ ဖမ်းမိခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို မတ် ၁၈ ရက် ဒီနေ့မနက်က စစ်မှုထမ်းဖို့ ပြန်လွှတ်ပေးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် စပြီး တာချီလိတ်မြို့နယ် ထွေအုပ်ရုံးကနေ ဖမ်းမိထားတဲ့ မြန်မာနိုင်ငံသားတွေကို စစ်တပ်နဲ့ပူးပေါင်းကာ ခံဝန်ထိုးပြီး ပြန်လွှတ်ပေးတာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဖမ်းမိထားတာ ဆယ်ကျော်သက်တွေဆိုတော့ အမှုမဖွင့်ဘူး။ အမှုဖွင့်လိုက်ရင် စစ်မှုမထမ်းရမှာစိုးလို့ မိဘတွေခေါ်ပြီး ပြန်အပ်တာ။ ၈ ရက်နေ့ကလည်း လွှတ်ပေးသေးတယ်။”

စစ်တပ်ရဲ့ စီမံမှုနဲ့ ပြန်လွှတ်ပေးတာဖြစ်ပြီး ရပ်ကွက်ထောက်ခံစာ၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ အာမခံနှစ်ဦး လက်မှတ်နဲ့ ပြန်လွှတ်ပေးတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“တပ်ကစီမံတာ၊ ၂၀ ကျော်အရွယ်လေးတွေက များတယ်၊ အမှုမဖွင့်ဘူး၊ စစ်မှုထမ်းခိုင်းမယ်၊ စာရင်းလည်း တခါတည်းကောက်ပြီးသားဖြစ်ရော၊ ၈ ရက်နေ့က ပြန်လွှတ်တာ ၁၈ နှစ်အောက်တွေ၊ အခုက ၁၈ နှစ်ပြည့်ပြီးသားတွေ မိဘတွေကိုပါခေါ်တာ။”

စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ဖေဖော်ဝါရီ ၂၂ ရက် မနက်အစောပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း က ရပ်ကွက် 1G1 ဟိုတယ်အနီး အွန်လိုင်းလောင်းကစားရုံကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသားတဦး၊ ထိုင်းနိုင်ငံသား ၁၅၄ ဦးနဲ့ မြန်မာနိုင်ငံသား ၄၈၄ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ မတ် ၈ ရက်က ၄၈၄ ဦးထဲမှ အသက် ၁၈ နှစ် မပြည့်သေးသူ ၅၈ ဦး ပြန်လွှတ်ကာ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၄၂၆ ဦးကို စစ်မှုထမ်းဖို့ ထပ်မံပြန်လွှတ်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသား ၁၅၄ ဦးနဲ့ တရုတ်နိုင်ငံသားတဦးတို့ကိုတော့ လဝကက စစ်ဆေးပြီး ထိုင်းနဲ့ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013