DVB Logo
Home
နိုင်ငံတကာ
မြန်မာတွင် အလုပ်ကြမ်းလုပ်ခဲ့ဖူးသည့် အိန္ဒိယသူဌေးကြီး နိုင်ငံရေးပါတီများ၏ အဓိကအလှူရှင် ဖြစ်နေ
DVB
·
March 18, 2024
မြန်မာတွင် အလုပ်ကြမ်းလုပ်ခဲ့ဖူးသည့် အိန္ဒိယသူဌေးကြီး နိုင်ငံရေးပါတီများ၏ အဓိကအလှူရှင် ဖြစ်နေ
Donate to DVB

လိမ်လည်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ စွပ်စွဲခံရသူ အိန္ဒိယ ‘ထီဘုရင်’ လို့ ထင်ရှားတဲ့  ဆန်တီယေဂို မာတင်ရဲ့ Future Gaming and Hotel Services ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံမှာ နိုင်ငံရေးပါတီတွေကို လှူဒါန်းမှုအများဆုံး ဖြစ်တယ်လို့ ဖွင့်ချပေးလိုက်ရတဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

တချိန်က ဆယ်ကျော်သက်ဘဝနဲ့ မိသားစုကိုထောက်ပံ့ဖို့ မြန်မာနိုင်ငံမှာ ကုန်တင်ကုန်ချ အလုပ်ကြမ်း လုပ်ခဲ့ရဖူးသူ မာတင်ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာမှ အိန္ဒိယကို ပြန်သွားခဲ့သူ ဖြစ်တယ်လို့ သူထောင်ထားတဲ့ မာတင်ပရဟတိအဖွဲ့က ထုတ်ပြန်တဲ့ သူ့အတ္ထုပ္ပတ္တိမှာ ဖော်ပြထားပါတယ်။

တမီလ်နာဒူးပြည်နယ်မှာ စီးပွားရေးစလုပ်ခဲ့တဲ့ မာတင်ဟာ နှစ်လုံးထီလုပ်ငန်းနဲ့ ကြီးပွားလာသူ ဖြစ်ပြီး အိန္ဒိယ တခြားပြည်နယ်တွေကိုသာမက ဘူတန်နဲ့ နီပေါကိုပါ လုပ်ငန်းချဲ့ထွင်နိုင်သူ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ လောင်းကစားအမျိုးမျိုးနဲ့ ဟိုတယ်လုပ်ငန်းပါ လုပ်ကိုင်တဲ့ သူ့ရဲ့ Future Gaming and Hotel Services လုပ်ငန်းဟာ ၂၀၁၉ ကနေ ၂၀၂၄ ခုနှစ်အတွင်း ရွေးကောက်ပွဲဘွန်းစာချုပ် အိန္ဒိယရူပီး ၁၃ ဒသမ ၆၈ ဘီလီယံ (ဒေါ်လာ ၁၆၅ သန်း) ဖိုး ဝယ်ယူခဲ့တယ်လို့ စာရင်းဇယားတွေက ဖော်ပြပါတယ်။

လူတွေ၊ ကုမ္ပဏီတွေဟာ ဘဏ်ကနေ ရွေးကောက်ပွဲဘွန်းစာချုပ်တွေဝယ်ပြီး ကိုယ်ထောက်ပံ့ချင်တဲ့ ပါတီကို လှူချင်သလောက် အကန့်အသတ်မရှိ လှူလို့ရတဲ့ စနစ်ကြောင့် လုပ်ငန်းရှင်ကြီးတွေက အမည်မဖော်ဘဲ လှူခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ပါတီတွေက ရလာတဲ့ ဘွန်းစာချုပ်တွေနဲ့ ဘဏ်မှာ ပိုက်ဆံသွားပြန်ထုတ်လို့ရပါတယ်။ ဒီစနစ်ဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ပယ်ဖျက်ဖို့နဲ့ ဝယ်ယူသူစာရင်းကိုပါ ဖွင့်ချဖို့  ရွေးကောက်ပွဲကော်မရှင်ကို တရားရုံးချုပ်က အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

စာရင်းတွေအရ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ပါတီက ဒီနည်းနဲ့လှူတဲ့ အလှူငွေ အများဆုံး ရတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်အလှူရှင်က ဘယ်ပါတီကို ဘယ်လောက် လှူတယ် ဆိုတာကိုတော့ ထုတ်ပြန်မထားပါဘူး။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013