DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော်သေ၊ ၂၅ ဦး ဒဏ်ရာရ
DVB
·
March 18, 2024
မင်းပြားတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော်သေ၊ ၂၅ ဦး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒါ (မွတ်ဆလင်) ကျေးရွာမှာ မတ် ၁၈ ရက် မနက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံးပြီး ၂၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ မင်းပြားဒေသခံတွေက ပြောပါတယ်။

မင်းပြား​မြို့ရဲ့ မြောက်ဘက် ၃ မိုင်အကွာမှာရှိတဲ့ သာဒါ (မွတ်ဆလင်) ကျေးရွာကို မတ် ၁၈ ရက်နေ့ မနက် ၁ နာရီခွဲလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် အရပ်သား ၂၁ ယောက် အခင်းဖြစ် နေရာမှာတင် သေဆုံးသွားခဲ့တာလို့ မင်းပြားမြို့ခံတဦးက ပြောပါတယ်။

“သာဒါကျေးရွာမှာ ဒီနေ့မနက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၁ ယောက်ကျော် သေဆုံးပြီးတော့ ၂၅ ယောက် ဒဏ်ရာရရှိခဲ့တယ်။ သေဆုံးသွားတဲ့အထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးအိုရွယ်တွေလည်း ပါတယ်လို့ သိရတယ်။ ဒဏ်ရာရရှိသွားတဲ့ သူတွေကိုလည်း အရေးပေါ် ဆေးကုသနေရတယ်လို့ သိရတယ်။” 

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေမှာ သာဒါ (မွတ်ဆလင်) ကျေးရွာသား ၉ ယောက်နဲ့ ဆင်ကြီးပြင် (မွတ်ဆလင်) ကျေးရွာက စစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင် ၁၂ ယောက်သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲ စစ်ဘေးတိမ်းရှောင်နေသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သာဒါကျေးရွာအတွင်း နေအိမ် ဆယ်လုံးထက်မနည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မင်းပြားမြို့ကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး စစ်ကောင်စီက မကြာခဏဆိုသလို လာရောက်ပြီး လေကြောင်းတိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၇ ရက်ကလည်း မြောက်ဦးမြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ယောက် သေဆုံးပြီး ဆယ်ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ စစ်ရေးသတိရှိကြဖို့ ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီလအတွင်းက သတိပေးထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးရုံးရဲ့ မတ် ၃ ရက်အထိ ရခိုင်မှာ တကျော့ ပြန်တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၁၇၀ ကျော်နဲ့ ဒဏ်ရာရရှိသူ ၄၀၀ ကျော်ရှိလာပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013