DVB Logo
Home
မြန်မာသတင်း
ပြည်မြို့၌ စစ်မှုထမ်းရန် တပ်သားသစ်များ စုခိုင်းထား
DVB
·
March 18, 2024
ပြည်မြို့၌ စစ်မှုထမ်းရန် တပ်သားသစ်များ စုခိုင်းထား
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက တရပ်ကွက်ကို နှစ်ယောက်နှုန်းနဲ့ လူစုထားဖို့ အုပ်ချုပ်ရေးမှူးတွေကို  အမိန့်ပေးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၁၇ ရက်က မြို့နယ်စစ်ကောင်စီ ဗိုလ်မှူးကြီးတဦးက နှုတ်မိန့်နဲ့ အမိန့်ပေးစေခိုင်းတာဖြစ်ပြီး စစ်မှုထမ်းဖို့အတွက် စုဆောင်းထားတဲ့ လူလတ်ပိုင်း အမျိုးသားတွေကို ဆေးစစ်ဖို့ခေါ်ချိန်မှာ အဆင်သင့် ဆောင်ရွက်ထားရမယ်လို့ ဆိုပါတယ်။

ရာအိမ်စုမှူးတဦးက “ဗိုလ်မှူးက လူစုခိုင်းတာလို့ပြောတယ်။ ဘယ်ဗိုလ်မှူးလဲတော့ မသိဘူး။ အခုက ဘယ်သူ့ကို အရင်ထည့်ပေးရမလဲဆိုတာ ရုံးမှာ တိုင်ပင်နေတယ်။ စစ်မှုထမ်း အချက်အလက်ဖြည့်တဲ့ စာရွက်စာတမ်းတွေကို အိမ်တိုင်းပို့ပြီးပြီ၊ မဲနှိုက်ရွေးဖို့ပဲ လုပ်ရမယ်” လို့ ပြောပါတယ်။

စစ်မှုထမ်းရမယ့်ကိစ္စကို သကြင်္န်ကာလပြီးမှသာ ဆောင်ရွက်မယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပေမဲ့ အခုကတည်းကစပြီး စစ်မှုထမ်းရမယ့် ပြည်သူတွေရဲ့ အချက်အလက် ပုံစံတွေကို ရပ်ကွက်အုပ်ချုပ်ရေးက နေအိမ်တိုင်းကို လိုက်လံ ပို့ဆောင်ထားပါတယ်။

ပြည်မြို့ခံ လူလတ်ပိုင်း အမျိုးသားတဦးက “မဲကို မနှိုက်ချင်ကြတာ။ အိမ်မှာလည်း မနေရဲ၊ အပြင်မှာလည်း မနေရဲနဲ့ ဘာဆက်လုပ်ရမယ် မသိတော့ဘူး။ သူတို့လာခေါ်လို့ အိမ်မှာမရှိရင်လည်း မိဘတွေက ခေါ်ပေးပါမယ်ဆိုတဲ့ ခံဝန်လက်မှတ် ထိုးခိုင်းထားတယ်” လို့ ပြောပါတယ်။

စစ်မှုထမ်းဖို့ ရပ်ကွက်ရုံးက အိမ်အရောက်ပို့ပေးထားတဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်ထားရမယ့် ပုံစံနဲ့အတူ လူပါ ရပ်ကွက်ရုံးကို လာရောက်မဲနှိုက်ရမှာဖြစ်ပြီး အခုလအတွင်း တရပ်ကွက်ကို မဲပေါက်သူနှစ်ယောက် ဆေးစစ်ဖို့ စစ်ကောင်စီတပ်က လာရောက်ခေါ်ဆောင်မှာလို့ မြို့ခံတွေထံက သိရပါတယ်။

စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာတည်တဲ့အကြောင်း စစ်ခေါင်းဆောင်က အမိန့်ထုတ်ပြန်ထားပြီး လာမယ့် ဧပြီလ သကြင်္န်ပိတ်ရက်အပြီးမှာ စတင်အကောင်အထည်ဖော်မယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013