DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလားသမ္မတ မာဒူရို လာမည့်ရွေးကောက်ပွဲတွင် ထပ်အရွေးခံမည်ဟု ကြေညာ
DVB
·
March 17, 2024
ဗင်နီဇွဲလားသမ္မတ မာဒူရို လာမည့်ရွေးကောက်ပွဲတွင် ထပ်အရွေးခံမည်ဟု ကြေညာ
Donate to DVB

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုဟာ လာမယ့် ဇူလိုင် ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အာဏာရပါတီ ကိုယ်စားပြုပြီး ထပ်အရွေးခံသွားမယ်လို့ မတ် ၁၇ ရက်မှာ ကြေညာခဲ့ပါတယ်။ 

အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်ဟောင်းကို ဆိုရှယ်လစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ဒုတိယသမ္မတ ဒီယို့စ်ဒါဒို ကာဘယ်လိုက ကြေညာပေးခဲ့ပါတယ်။ 

စစ်တမ်းတွေအရ မာဒူရိုကို မဲပေးမယ်လို့ ဖြေဆိုသူ ၁၃ ဒသမ ၉ ရာခိုင်နှုန်းပဲရှိပြီး အတိုက်အခံ ခေါင်းဆောင် မာရီယာကော်ရီနာမာချာဒိုကို မဲပေးမယ်ဆိုတဲ့သူ ၅၄ ဒသမ ၅ ရာခိုင်နှုန်းတောင် ရှိပါတယ်။ 

အတိုက်အခံတွေရဲ့ သမ္မတလောင်းအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလက အကြိုရွေးကောက်ပွဲနဲ့ အရွေးခံထားရတဲ့ မာချာဒိုကို တရားရုံးချုပ်က ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ပိတ်ထားပါတယ်။ 

ဒါကြောင့် အတိုက်အခံတွေဘက်က တခြားတဦး အစားထိုး ပြိုင်၊ မပြိုင်ကို မတ် ၂၅ ရက် နောက်ဆုံးထား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။  

အငြင်းပွားစရာကောင်းပေမဲ့ လူကြိုက်များတဲ့ သမ္မတ ဟူဂိုချားဗတ်စ် ကွယ်လွန်အပြီးမှာ တက်လာတဲ့ မာဒူရို ဟာ ဘယ်တုန်းကမှ ရွေးကောက်ပွဲရလဒ် မကောင်းခဲ့ပါဘူး။ ၂၀၁၃ တုန်းကလည်း မသမာမှုစွဲချက်တွေ အများကြီးရှိတာတောင် ကပ်ပဲနိုင်ခဲ့တာပါ။ 

၂၀၁၈ မှာလည်း အတိုက်အခံတွေက သပိတ်မှောက်တဲ့ ရွေးကောက်ပွဲကို အငြင်းပွားဖွယ် နိုင်ခဲ့သူပါ။ သူ့လက်ထက်မှာ ဗင်နီဇွဲလားဟာ အဆမတန် ငွေကြေးဖောင်းပွမှု၊ စီးပွားရေး ပြိုလဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013