DVB Logo
Home
နိုင်ငံတကာ
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး လိင်တူချစ်သူနှင့်လက်ထပ်
DVB
·
March 17, 2024
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး လိင်တူချစ်သူနှင့်လက်ထပ်
Donate to DVB

လိင်တူချစ်သူဖြစ်ကြောင်း ပထမဆုံး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်တဲ့ ဩစတြေးလျ လွှတ်တော်အမတ်လည်း ဖြစ်တဲ့ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်ဟာ သူ့လက်တွဲဖော် ဆိုဖီ အလူအာ့ချ် နဲ့ လက်ထပ်လိုက်ပြီဖြစ်တယ်လို့ မတ် ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။ 

“ဒီလို ထူးခြားတဲ့နေ့လေးကို ကျမတို့ရဲ့မိတ်ဆွေ သူငယ်ချင်းတွေကို မျှဝေ အသိပေးချင်ပါတယ်” လို့ ဝေါင်က အင်စတာဂရမ်မှာ နှစ်ဦးသား မင်္ဂလာဝတ်စုံနဲ့ ပုံတင်ပြီး ရေးသားထားပါတယ်။ 

သူတို့နှစ်ဦးဟာ ဆယ်စုနှစ် ၂ ခုကြာ လက်တွဲခဲ့ကြသူတွေဖြစ်ပြီး မတ် ၁၆ ရက်က တောင်ဩစတြေးလျမြို့တော် အက်ဒ်လေက စပျစ်ခြံတခုမှာ မင်္ဂလာပွဲကျင်းပခဲ့တာ ဖြစ်တယ်လို့ ဆစ်ဒနီမောနင်းဟာရဲလ်ဒ် သတင်းစာက ဖော်ပြပါတယ်။ 

၂၀၀၂ ခုနှစ်ကတည်းက လေဘာပါတီဝင် လွှတ်တော်အမတ်ဖြစ်ခဲ့တဲ့ ဝေါင်ဟာ ဩစတြေးလျ အစိုးရ ဝန်ကြီးတွေထဲမှာ ပထမဆုံး အာရှနွယ်ဖွား ဖြစ်ပါတယ်။ 

၁၉၉၇ အထိ လိင်တူစုံမက်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ဩစတြေးလျမှာ ၂၀၁၇ မှာမှ လိင်တူလက်ထပ်မှုက တရားဝင်ဖြစ်လာတာ ဖြစ်ပါတယ်။

Source-Reuters/Photo: Penny Wong's Instagram

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013