DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယလွှတ်တော် ရွေးကောက်ပွဲ ဧပြီ ၁၉ စမည်
DVB
·
March 17, 2024
အိန္ဒိယလွှတ်တော် ရွေးကောက်ပွဲ ဧပြီ ၁၉ စမည်
Donate to DVB

အိန္ဒိယနိုင်ငံဟာ လွှတ်တော်အသစ်တရပ်အတွက် ဧပြီ ၁၉ ရက်ကစပြီး အဆင့်ဆင့် ရွေးချယ် မဲပေးတော့မယ်လို့ ရွေးကောက်ပွဲအာဏာပိုင်တွေက မတ် ၁၆ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။ 

အိန္ဒိယနိုင်ငံအတွင်း မဲပေးပိုင်ခွင့်ရှိသူ ၁ ဘီလီယံနီးပါးရှိနေလို့ ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲ ဖြစ်လာမှာပါ။ ရွေးကောက်ပွဲအတွင်း သက်တမ်း ၂ ဆက် တာဝန်ထမ်းဆောင်ခဲ့တဲ့ အင်အားကြီး ၀န်ကြီးချုပ် နရင်ဒြာမိုဒီနဲ့ သူ့ရဲ့ ဒေသတွင်း မဟာမိတ်တွေဟာ အတိုက်အခံ ပါတီ ၂ ဒါဇင်တို့နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာပါ။

စစ်တမ်းတွေက မိုဒီရဲ့ ဟိန္ဒူ အမျိုးသားရေး ဝါဒီပါတီ ဘာရာတီယာ ဂျန်နာတာပါတီ (BJP) က သက်သောင့်သက်သာ အနိုင်ရမယ်လို့ အကြံပြုထားပါတယ်။ 

မိုဒီဟာ INDIA လို့ အတိုကောက်ခေါ်တဲ့ အိန္ဒိယ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး အားလုံးပါဝင်တဲ့ မဟာမိတ်အဖွဲ့ လို့ ခေါ်တဲ့ အဓိကအတိုက်အခံကွန်ဂရက်ပါတီက ဦးဆောင်တဲ့ အတိုက်အခံပါတီ ၂ ဒါဇင်ပါတဲ့ မဟာမိတ်အဖွဲ့က စိန်ခေါ်တာကို ခံနေရပါတယ်။ 

နိုင်ငံရေးပါတီပေါင်း ၂၄၀၀ ပါဝင်ယှဉ်ပြိုင်မယ့် ကြီးမားလှတဲ့ ရွေးကောက်ပွဲအတွက် မဲရုံ ၁ သန်းကျော်မှာ မဲပေးဖို့ လူဦးရေ သန်း ၉၇၀ နီးပါး မှတ်ပုံတင်ထားပါတယ်. 

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013