DVB Logo
Home
မြန်မာသတင်း
မိုးမောက်တွင် ထွက်ပြေးသည့်စစ်သားကို လိုက်ပို့သူ သေနတ်ဖြင့် ပစ်ခံရပြီးသေဆုံး
DVB
·
March 17, 2024
မိုးမောက်တွင် ထွက်ပြေးသည့်စစ်သားကို လိုက်ပို့သူ သေနတ်ဖြင့် ပစ်ခံရပြီးသေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ ထွက်ပြေးလာတဲ့ စစ်သားတယောက်ကို ဆိုင်ကယ်နဲ့ လိုက်လံ ပို့ဆောင်ပေးခဲ့သူ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါဆိုင်းစစ်တပ်စခန်း ခလရ ၂၃၇ ကို ကေအိုင်အေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက မတ် ၁၄ ရက်နေ့မှာ  ဝင်ရောက်သိမ်းပိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးခဲ့ကြတာပါ။

ဒေသခံတယောက်က “ခလရ ၂၃၇ အသိမ်းခံရလို့ စစ်သားတွေ ထွက်ပြေးကြရင်း ခူးလီကျေးရွာနဲ့ နန့်လှိုင်ကျေးရွာဘက် ရောက်လာကြတယ်။ နေ့လယ်ပိုင်းမှာ အဲဒီအထဲက  အတော်အသက်ကြီးကြီး စစ်သားအိုကြီးတယောက်ကို ခူးလီရွာသားက ဆိုင်ကယ်ပေါ်တင်ပြီး လိုက်ပို့တာ၊ နန့်လှိုင်ဈေးနားမှာ လှမ်းအပစ်ခံလိုက်ရတယ်။ ဘယ်သူ ပစ်လဲတော့မသိရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားကို ဗန်းမော်မြို့၊ နန့်ဖားဂိတ်ဘက် လိုက်ပို့ပေးတဲ့ ခူးလီကျေးရွာသား ဦးကျော်နိုင်ဟာ နန့်လှိုင်ကျေးရွာဈေးအနီးမှာ သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားပြီး စစ်ကောင်စီတပ်သားကိုတော့ တခြား စစ်သားတွေက လာရောက် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ခြေလျင်တပ်ရင်း ခလရ ၂၃၇ စခန်းချတဲ့ ဒါဆိုင်းစစ်တပ်စခန်းဟာ နောင်လိုက် ကျေးရွာအနီးတည်ရှိပြီး ကေအိုင်အေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက မတ် ၈ ရက်နေ့မှာ စတင် ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး မတ် ၁၄ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Photo - CJ(ခလရ ၂၃၇ စခန်းသိမ်းစဉ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013