DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများအတွက် အခမဲ့အင်တာနက်ပံ့ပိုးပေးရန် အီလွန်မတ်စ်ကို ယန်ဟီးလီ တောင်းဆို
DVB
·
March 17, 2024
မြန်မာပြည်သူများအတွက် အခမဲ့အင်တာနက်ပံ့ပိုးပေးရန် အီလွန်မတ်စ်ကို ယန်ဟီးလီ တောင်းဆို
Donate to DVB

ဒီမိုကရက်တစ်မြန်မာနိုင်ငံ ဖြစ်လာဖို့အတွက် အသက်ပေးပြီး တိုက်ပွဲဝင်နေကြတဲ့ မြန်မာနဲ့ တိုင်းရင်းသား တော်လှန်ရေးသမားတွေနဲ့ မြန်မာပြည်သူတွေအတွက် အင်တာနက် အခမဲ့ ရရှိနိုင်ရေး နည်းလမ်းတွေ ပံ့ပိုးပေးဖို့ SpaceX  ကုမ္ပဏီ စီအီးအို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ကို မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) ပါမောက္ခ ယန်ဟီးလီက တောင်းဆိုခဲ့ပါတယ်။

SpaceX ကုမ္ပဏီဟာ ကမ္ဘာအနှံ့ သုံးစွဲလို့ရတဲ့ Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

မြန်မာစစ်အာဏာရှင်ဟာ နိုင်ငံသားတွေကို အင်တာနက်ဖြတ်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို  ကမ္ဘာက သိရဖို့ အရမ်းခက်ခဲနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း ယန်ဟီးလီက ထောက်ပြပါတယ်။

အင်တာနက်အခက်အခဲကြောင့် မြန်မာနိုင်ငံတွင်းက ပြည်သူတွေဟာ စစ်တပ်က လေကြောင်းတိုက်ခိုက်လာတော့မယ်ဆိုရင် ချက်ချင်း သတိမပေးနိုင်သလို မိသားစုဝင်တွေ ဘယ်ရောက်နေသလဲဆိုတာ မသိနိုင် ဖြစ်နေရတယ်လို့ ယန်ဟီးလီက X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

တရားမဝင် မြန်မာစစ်အာဏာရှင်ဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဘယ်လို ကျူးလွန်နေတယ်ဆိုတာကို ကမ္ဘာကြီးက သိဖို့လိုတယ်လို့လည်း ယန်ဟီးလီက ရေးသားထားပါတယ်။

စစ်မှုထမ်းဥပဒေကို ကျင့်သုံးလိုက်တာကလည်း တရားမဝင် စစ်ကောင်စီဟာ ငယ်ရွယ်တဲ့ အမျိုးသား၊ အမျိုးသမီးတွေအပေါ် နောက်ထပ် ကြမ်းကြုတ်ရက်စက်တဲ့ နည်းဗျူဟာတွေ ကျင့်သုံးမှု ဥပမာတခုသာ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

နေ့စဉ် မြေပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကမ္ဘာကသိအောင် မြန်မာပြည်သူတွေ ချပြနိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်က ပိတ်ချလို့မရတဲ့ အင်တာနက် အခမဲ့ရရှိနိုင်ရင် မြန်မာပြည်သူတွေအတွက် အမှန်တကယ် အကူအညီရမှာ ဖြစ်လို့ စဉ်းစားစီမံပေးဖို့ X လူမှုကွန်ရက်ကို ဝယ်ယူထားသူလည်း ဖြစ်တဲ့ အယ်လ်လွန်မက်စ်ကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာပြည်သူတွေကို အင်တာနက် အခမဲ့ စီစဉ်ပေးတာဟာ လပေါ် သွားတာထက် ဈေးသက်သာပါတယ်လို့လည်း ရေးသားထားပါသေးတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013