DVB Logo
Home
နိုင်ငံတကာ
ရုရှားသိမ်းပိုက်ခံ ယူကရိန်းဒေသ၌ ရွေးကောက်ပွဲ ကျင်းပမှုအပေါ် ကုလအဖွဲ့ဝင်နိုင်ငံ ၅၀ ကျော် ရှုတ်ချ
DVB
·
March 16, 2024
ရုရှားသိမ်းပိုက်ခံ ယူကရိန်းဒေသ၌ ရွေးကောက်ပွဲ ကျင်းပမှုအပေါ် ကုလအဖွဲ့ဝင်နိုင်ငံ ၅၀ ကျော် ရှုတ်ချ
Donate to DVB

သိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသတွေမှာ မတ် ၁၅ ရက်က သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရုရှားရဲ့ ကြိုးပမ်းအားထုတ်မှုကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၅၀ ကျော်က ရှုတ်ချခဲ့ပါတယ်။

စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ ကုလသမဂ္ဂ သံတမန်ကိုယ်စားလှယ် ၅၆ ယောက်ဟာ ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ်ကြီး ဆာဂျီ ကိုင်စလစ်ထ်စယာနဲ့အတူ ရပ်တည်ပြခဲ့ပြီး ယူကရိန်းသံအမတ်ကြီးကလည်း ယူကရိန်းနယ်မြေတွေကို တရားမ၀င် သိမ်းပိုက်ဖို့ ကြိုးပမ်းမှုဟာ နိုင်ငံတကာဥပဒေအောက်မှာ တရားဝင်မှု မရှိဘူးဆိုတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ယူကရိန်းပိုင်နက်အတွင်း နိုင်ငံခြားတိုင်းပြည်တခုကို သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ ကြိုးပမ်းမှုတွေမှာ ပါဝင်ခြင်းဟာ တရားမ၀င်ဖြစ်ပြီး ရွေးကောက်ပွဲကို စီစဉ်ပေးတဲ့ ဘယ်သူမဆို ယူကရိန်းရာဇ၀တ်ဥပဒေအရ တာဝန်ရှိကြောင်းလည်း ကိုင်စလစ်ထ်စယာက ပြောကြားခဲ့ပါတယ်။ 

ရုရှားဖက်ဒရေးရှင်းအနေနဲ့ ယူကရိန်းအပေါ် ရန်လိုတဲ့စစ်ပွဲကို ရပ်တန့်ဖို့နဲ့ နိုင်ငံတကာ အသိအမှတ်ပြု ယူကရိန်းပိုင်နက်တွေအတွင်းမှ သူ့စစ်တပ်အားလုံးကို ခြွင်းချက်မရှိ ရုတ်သိမ်းဖို့ ဆိုတဲ့ အထွေထွေညီလာခံရဲ့ တောင်းဆိုချက်ကိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013