DVB Logo
Home
မြန်မာသတင်း
လိုင်ဇာအနီး  ဘွမ်ရယ်ဘွမ်တပ်စခန်းကို KIA သိမ်းပိုက် 
DVB
·
March 16, 2024
လိုင်ဇာအနီး  ဘွမ်ရယ်ဘွမ်တပ်စခန်းကို KIA သိမ်းပိုက် 
Donate to DVB

ကချင်ပြည်နယ်၊ လိုင်ဇာဌာချုပ်အနီး မြစ်ကြီးနား-ဗန်းမော် ကားလမ်းဘေးက တောင်ကြောပေါ်မှာရှိတဲ့ ဘွမ်ရယ်ဘွမ်စစ်ကောင်စီတပ်စခန်းကို မတ် ၁၅ ရက် နေ့လယ် ၂ နာရီ လောက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ထံက သိရပါတယ်။

ဘွမ်ရယ်တပ်စခန်းဟာ လိုင်ဇာဌာချုပ်အနီးက နောက်ဆုံးသိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ တပ်စခန်းဖြစ်ပြီး  စစ်ကောင်စီ တပ်မ (၈၈) တပ်မှူးထိုင်တဲ့ တပ်စခန်းကြီးဖြစ်ပါတယ်။

KIA တပ်မဟာ (၅)မှ တပ်သားတဦးက “ ဒီနေ့ ၁ နာရီခွဲ ၂ နာရီဝန်းကျင်လောက်မှာ သိမ်းထားနိုင်ပြီလို့သိရတယ်။ အဲစခန်းက တပ်စခန်းအကြီးလို့ ပြောလို့ရမယ်။ တပ်မမှူးလည်း ထိုင်တယ်။ အခုဒီ လိုင်ဇာပတ်ဝန်းကျင်မှာဆိုရင် နောက်ဆုံးသိမ်းဖို့ ကျန်တဲ့စခန်း ကျန်တဲ့စခန်းတွေတော့ အားလုံးသိမ်းပြီးသွားပြီ ဒီလိုင်ဇာနားက တောင်ကြောပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအာလုံးသိမ်ပြီးသွားပြီ” လို့ပြောပါတယ်။

ဘွမ်ရယ်ဘွမ်တပ်စခန်းမှာရှိတဲ့ တပ်မ (၈၈) တပ်မမှူးက ဘွမ်ရယ်ဘွမ်တပ်စခန်းကနေ ထွက်ပြေးသွားပြီလို့ သတင်းထွက်ပေါ်နေပေမဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဘွမ်ရယ်ဘွမ်တပ်စခန်းမှာ ခယာဘွမ်၊ ဖွန်းပျန်ဘွမ်တောင်ကြောပေါ်က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တုန်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေ အများအပြား ဘွမ်ရယ်ဘွမ်တပ်စခန်းမှာ လာစုနေပြီး အင်အား အများအပြားရှိတဲ့ တပ်စခန်းဖြစ်တယ်လို့  KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က သိရပါတယ်။

ဘွမ်ရယ်ဘွမ်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ လိုင်ဇာမြို့ခံထံက သိရပါတယ်။

KIO/KIAရဲ့ ဌာနချုပ်ဟောင်းဖြစ်ခဲ့တဲ့ ပါဂျောင်၊ နားဖေါ့၊ ဘွမ်စန်တပ်စခန်းတွေ အနီးက ကာကင်းစခန်းတွေကိုလည်း မတ် ၁၅ ရက် နေ့လယ် ၁၂ နာရီ အကျော်မှာ သိမ်းပိုက်ရရှိထားတယ်လို့  KIO တပ်ဖွဲ့ဝင်ထံက သိရပါတယ်။

ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင်၊ အောင်မြေ (၁) (၂) ပတ်ဝန်းကျင်မှာလည်း မတ် ၁၄ ရက်ကတည်းက တိုက်ပွဲမဖြစ်ဘဲ ငြိမ်သက်နေတယ်လို့ အောင်မြေ (၁)က ဒေသခံ တဦးက ပြောပါတယ်။

“တိုက်ပွဲပြန်ငြိမ်နေတာတော့ မနေ့ကကော ဒီနေ့ကော ပြန်ငြိမ်နေတယ်၊ နှစ်ရက်ရှိပြီ၊ သေနတ်သံတွေကော မကြားဘူး၊ လက်နက်ကြီးပစ်တာတွေ၊ လေယာဉ်လာတာတွေလည်း မရှိသေးဘူး၊ ဘယ်အချိန်ပြန်ဖြစ်မလဲတော့ မသိသေးဘူး။”

တိုက်ပွဲတွေ မရှိပေမဲ့ အောင်မြေ (၁) (၂) ပတ်ဝန်းကျင်မှာ နှစ်ဖက်တပ်သားတွေ ရှိနေသေးတာကြောင့် စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

လိုင်ဇာကနေ ဝိုင်းမော် ရွှေညောင်ပင် ခ.လ.ရ (၃၂၁) အထိ လမ်းကြောတလျှောက် ကဇူးစစ်ကောင်စီတပ်စခန်း၊ ပါဂျောင်တပ်စခန်း၊ နာဖော့တပ်စခန်းနဲ့ ဘွမ်စန်တပ်စခန်းကလွဲလို့ စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်ထား ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013