DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူဦးရေ  ၃ ပုံ ၁ ပုံ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေ
DVB
·
March 15, 2024
မြန်မာ့လူဦးရေ  ၃ ပုံ ၁ ပုံ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေ
Donate to DVB

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေသုံးပုံတပုံ၊  တနည်းအားဖြင့် လူ ၁၈ ဒသမ ၆ သန်းအထိ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့  အစီရင်ခံစာမှာဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ  ဒီနှစ် ဖေဖော်ဝါရီလကုန်အထိ လူ ၂ ဒသ ၇ သန်း နိုင်ငံတွင်း နေရာရွှေ့ပြောင်းခဲ့ရပြီး အဲဒီအထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာရသူက ၁ ဒသမ ၇ သန်းကျော်ရှိတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာမသိမ်းမီကနဲ့ ယှဉ်ရင် လူသားချင်းစာနာမှု အကူအညီလိုအပ်မှုက ၁၈ ဆတောင် တိုးလာတာဖြစ်တယ်လို့ ဒီနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လတာ အခြေအနေကို ဒီအစီရင်ခံစာမှာ သုံးသပ်ဖော်ပြပါတယ်။

UNICEF က အကောင်အထည်ဖော်နေတဲ့ ကလေးသူငယ်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလှုပ်ရှားမှု (HAC) အတွက်  ဒေါ်လာ ၂၀၈ ဒသမ ၃ သန်း တောင်းခံထားတယ်လို့လည်းဆိုပါတယ်။ ဒီအထဲမှာ အထောက်အပံ့က ဒေါ်လာ ၄ ဒသမ ၃ သန်း၊ တခြားကနေ လွှဲပြောင်းသုံးနိုင်တဲ့ ရန်ပုံငွေက ၁၃ ဒသ ၂ သန်းပဲ ရှိတဲ့အတွက် ရန်ပုံငွေ ဒေါ်လာ ၁၉၀ ဒသမ ၈ သန်းတောင် လိုအပ်နေတာဖြစ်ပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးရမှုအများဆုံးက စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး လူ ၁ ဒသမ ၁ သန်း ကျော်ရှိတယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ လူ ၇ သိန်းကျော်၊ ရခိုင်ပြည်နယ်မှာ လူ သုံးသိန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံအနှံ့မှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေပြီး အထူးသဖြင့် ရခိုင်၊ ရှမ်းမြောက်၊ ကယား၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အခြေအနေတွေ ဆိုးရွားနေတယ်လို့ ဖော်ပြပါတယ်။

အကူအညီလိုအပ်နေတဲ့ သုံးပုံတပုံ ထဲကမှ ၆ သန်းဟာ ကလေးသူငယ်တွေဖြစ်ပြီး လက်ရှိမှာ အိုးအိမ်စွန့်ပြေးရတာ၊ ဝန်ဆောင်မှုမပေးနိုင်တာတွေကြောင့် အရေးကြီးတဲ့ ကာကွယ်ဆေးတွေ မထိုးနိုင်ဖြစ်နေတယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။

ကလေး ၄ သန်းကျော်လောက်လည်း ပညာသင်ကြားခွင့်ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ကလေးသူငယ်တွေဟာ တိုက်ခိုက်မှုတွေမှာ ပစ်မှတ်ထားခံရတာ၊ စစ်မှုထမ်းဖို့ စုဆောင်းခံရတာ၊ မတရားဖမ်းဆီးထိန်းသိမ်းခံရတာတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

UNICEF အနေနဲ့ လူ ၈၅၀,၀၀၀ အတွက် ရေနဲ့ သန့်ရှင်းရေး (WASH) အထောက်အပံ့တွေ၊ အမျိုးသမီးနဲ့ကလေးငယ် ၃၅၀,၀၀၀ အတွက် အဓိကကျန်းမာရေးစောင့်ရှောက် ဝန်ဆောင်မှုတွေ၊ ကလေးငယ် ၈၉၀,၀၀၀ အတွက် ပညာရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Source: UNICEF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013